သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပစ်ခတ်ရပ်စဲကာလ နောက် ၁လ ထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ ထုတ်ပြန်

AB News ဇွန် ၃ ၊၂၀၂၅
နွယ်စိုး

မြန်မာနိုင်ငံ နေရာအနှံတွင် ငလျင်နောက်ဆက်တွဲလုပ်ငန်းများနှင့် ဆက်စပ်သော လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံလိုအပ်နေမည်ဖြစ်သည့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သက် အပစ်ရပ်ကာလကို ဇွန်လ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ နောက်ထပ် (၁) လ ထပ်တိုးကြောင်း ညီနောင်မဟာမိတ် (ဖွဲ့)က ဇွန်လ ၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ငလျင်ဘေးကယ်ဆယ်ရေး ၂ လ ကြာသည့်တိုင် ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု မရှိသည့်အပြင် မိုးသည်းထန်စွာရွာသွန်းပြီး အဆောက်အအုံများ ထပ်မံပြိုကျ ပျက်စီးမှုများရှိနေ သေးသည့်အတွက် အပစ်ရပ်ကာလအား ထပ်မံတစ်လ တိုးမြှင့်လိုက်ရဖြစ်ကြောင်း ဆိုထားသည်။

အပစ်ခတ်ရပ် ကြေညာလိုက်သည့် အချိန်မှစ၍ ညီနောင်မဟာမိတ် (၃) ဖွဲနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံပြန်မှု မျိုးမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုတ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် ပြည်သူလူထုများစွာ အသက်အိုးအိမ်စည်းစိမ်ပျက်စီးခဲ့ရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် (TNLA ၊ MNDAA၊ AA) ညီနောင်သုံးဖွဲ့မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ နှင့် မေလ (၂) လကြာ တစ်ဖက်သက် အပစ်ရပ်ခဲ့ကြသည်။

စစ်ကောင်စီဘက်မှလည်း ယာယီအပစ်အခတ်ရပ်စဲရေးကို ဇွန်လ၁ရက်နေ့မှ ၃၀ရက်နေ့ထိ ထပ်မံတိုးမြှင့်လိုက်သည်ဟု ပြီးခဲ့သည့် မေလ ၃၁ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်