Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက် ARSA၊ ARA နှင့် စစ်ကောင်စီအပေါင်းအပါမူဆလင်အုပ်စုများအား ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု AA ပြော

ရက္ခိုင်ပြည်တွင်း လူမျိုးရေး မုန်းတီးရေးနှင့် အကြမ်းဖက်မှုများကို ကျူးလွန်နေသည့်  ARSA၊ ARA နှင့် စစ်ကောင်စီအပေါင်းအပါမူဆလင်အုပ်စုများအား ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု AA က ယနေ့တွင် ပြောဆိုလိုက်သည်။

“ကျနော်တို့ အာရက္ခတပ်တော်အနေနှင့်ကတော့ အရင်ရပ်တည်ချက်အတိုင်းပါဘဲ အပြစ်မဲ့ပြည်သူတွေကို လုံးဝအကာအကွယ်ပေးသွားပါမယ်။ အပြစ်ရှိတဲ့သူတွေကိုတော့ အရေးယူသွားမှာဖြစ်ပါတယ်။ စစ်ပွဲကာလမှာတော့ စစ်ကာလနှင့်အညီ လိုအပ်ရင်လိုအပ်သလို ပြတ်ပြတ်သားသား တုံ့ပြန်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ၎င်း၏ ပြန်ကြားရေ Telegram မှ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီသည် အစွန်းရောက် အကြမ်းဖက် မူဆလင်စစ်သွေးကြွ တချို့ကို စစ်သင်တန်းပေး ၊ လက်နက်များတပ်ဆင်ပေးနေသည့်အပြင် ၎င်းလက်နက်ကိုင်သူများကို ဘူးသီးတောင်မြို့တွင်းနှင့် ဆက်စပ်ရွာတချို့တွင် တပ်ဖြန့်ချထားပြီး ရခိုင်မုန်းတီးရေး ညာသံပေး အော်ခိုင်းနေမှုများ ပြုလုပ်ချက်ရှိကြောင်း AA ကပြောထားသည်။

အကြမ်းဖက် စစ်ကောင်စီ သင်တန်း‌ပေးထားသည့် မူဆလင်များ ရှေ့တန်းစစ်မျက်နှာသို့ သွားရောက်စဥ် ကားပေါ်တွင် ပျော်ရွှင် မြူးတူး‌နေသည်ကို တွေ့ရစဥ်

ရက္ခိုင်တွင် တိုက်ပွဲများပြင်းထန်နေသည့်အချိန်တွင်  ARSA, ARA အကြမ်းဖက်အုပ်စုနှင့် မူဆလင်အချို့သည် အာဏာသိမ်းစစ်ကောင်စီထံတွင် စစ်သင်တန်းများ တက်ရောက်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းကာ လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် အာရက္ခတပ်တော်အား ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေကြောင်း AA ကပြောသည်။

“အခုလိုစစ်ပွဲပြင်းထန်နေတဲ့အချိန်မှာ ARSA နှင့် ARA အကြမ်းဖက်အုပ်စုတွေဟာ စစ်ကောင်စီဆီမှာ သင်တန်းတက်၊ စစ်ကောင်စီကတပ်ဆင်ပေးတဲ့လက်နက်တွေယူ၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကျနော်တို့ကိုတိုက်ခိုက်နေတာရှိပါတယ်။ ဒါဟာ အထူးအန္တရာယ်များတဲ့ စစ်ကောင်စီရဲ့နိုင်ငံရေးကစားကွက်၊ စစ်ရေးမသမာမှုတွေနှင့် ဒေသတွင်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေကို ပုံစံအမျိုးမျိုးနှင့် ဖန်တီးပြီးတော့ ဘာသာရေးလူမျိုးရေးအဓိကရုဏ်းတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာဖြစ်ပါတယ်” ဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလ  ၁၁ နေ့ကလည်း ဘူးသီးတောင်မြို့ထဲမှာ လည်လှီးသတ်ဖြတ်ခံထားရသည့် ရက္ခိုင်လူမျိုး လူငယ် ၂ ယောက်၏အလောင်းကိုတွေ့ရှိခဲ့ပြီး တရားခံမှာ စစ်ကောင်စီနှင့် စစ်သွေးကြွ မူဆလင်အကြမ်းဖက်သမားများဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောထားသည်။

စစ်ကောင်စီနှင့် လက်နက်တပ်ဆင်ပေးထားသည့် အကြမ်းဖက်အုပ်စုများအပါအဝင် မူဆလင်လက်နက်ကိုင်အဖွဲများသည် ဘူးသီးတောင်မြို့ထဲရှိနေအိမ်များကိုဝင်ရောက်ပြီး ပြည်သူပိုင် တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းခိုးယူသည့်အပြင် နေအိမ်များကိုဖျက်ဆီးနေကြောင်းလည်း ပြောသည်။

“အခု ဘူးသီးတောင်မြို့ထဲက ရက္ခိုင်အိမ်တွေကို စစ်ကောင်စီနှင့် သူတို့သင်တန်းပေး လက်နက်တပ်ဆင်ထားတဲ့ မူဆလင်လက်နက်ကိုင်တွေက တန်ဖိုးရှိပစ္စည်းတွေကိုဖောက်ထွင်းခိုးယူတာ၊ နေအိမ်တွေကိုဖျက်ဆီးတာတွေကို နေ့စဉ်ရက်ဆက်လုပ်နေကြပါတယ်” ဆိုသည်။

ထို့အပြင် ဘူးသီးတောင်မြို့ထဲတွင် ကျန်နေသည့် ဟိန္ဒူဘာသာဝင်အချို့ကိုလည်း အပြင်ထွက်ခွင့်မပေးဘဲ မူဆလင်လက်နက်ကိုင်များက အသက်အန္တရာယ်ခြိမ်းခြောက်နေမှုများလည်းရှိနေကြောင်း သိရသည်။

မူဆလင် စီးပွားရေးသမားတချို့နှင့် ဘာသာ ရေးခေါင်းဆောင်တချို့သည်  ၎င်းတို့၏အကျိုးစီးပွားအတွက် စစ်ကောင်စီဖက်ကရပ်တည်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်နေမှုများရှိခြင်း၊ စစ်သွေးကြွများက စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းသွားရန် အခြေအနေရှိနိုင်ကြောင်းလည်း AA ကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်၊ မွန်းလွှဲ ၁၂ နာရီခွဲအချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဓားပိုင်ဆရာကျေးရွာမှ အမျိုးသား ၁ဦးကို  ARSA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်။

အလားတူ မတ်လ ၇ ရက်နေ့တွင် ARSA အကြမ်းဖက်အဖွဲ့က မောင်တောမြိုနယ်ရှိ တောင်ပြိုမြို့သို စျေးဝယ်ရန်သွားသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးကို သဲချောင်းလမ်းတွင် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ကို တွေ့ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ရသေ့တောင်မြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၃၆၊ ခမရ ၅၃၇၊ ခမရ ၅၃၈ တပ်ရင်းများကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်စဉ် စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး စစ်ကောင်စီအဖွဲ့မှ လောလောလတ်လတ် စစ်သင်တန်းပေးထားသည့် မူဆလင်အချို၏ အလောင်းများအား စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများနှင့်အတူ တွေ့ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် မတ်လ ၂၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၎င်းအပြင် ဘင်္ဂလားဒေ့ရှ်ရှိ မူဆလင်ဒုက္ခသည်စခန်းများမှာ မူဆလင် ၉၀၀ ကျော်သည်လည်း စစ်ကောင်စီက ပေးသည့် ရက်တို စစ်သင်တန်းများကို တက်ရောက်လျက်ရှိကြောင်း ခိုင်လုံသတင်းရင်းမြစ်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ