Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲနယ် ခမောင်းတုန်းအနီး မြစ်ကြောင်းမှ စစ်ကောင်စီ ရေတပ်နေဗီနှင့် ဂျက်ဖိုက်တာတို့ဖြင့် တောင်ကုတ်သို့ လှမ်းပစ်နေ

သံတွဲနယ် ခမောင်းတုန်းအနီး မြစ်ကြောင်းမှ စစ်ကောင်စီ ရေတပ်နေဗီနှင့် ဂျက်ဖိုက်တာတို့ဖြင့် တောင်ကုတ်သို့ လှမ်းပစ်နေ

AB News – ဧပြီ ၇၊ ၂၀၂၄

သံတွဲမြို့နယ်၊ ခမောင်းတုန်းရွာအနီးရှိ မြစ်ကြောင်းတွင် ကျောက်ချရပ်နားထားသည့် စစ်ကောင်စီရေတပ်နေဗီ အပါအဝင် ဂျက်ဖိုက်တာတို့ဖြင့် ယနေ့ ဧပြီလ ၇ရကျ နေ့လယ် ၁နာရီကျော်အချိန်တွင် တောင်ကုတ်မြို့သို့ လှမ်းပစ်နေကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

စစ်ကောင်စီရေတပ်နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်ရှိ မုတ်ရွာ၊ တပျော့ရွာ နှင့်တဲမောက်ရွာအနီးရှိ တောင်တန်းများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လယ် ၁နာရီကျော်အချိန်တွင် တောင်ကုတ်မြို့နယ်အတွင်းသို့ သံတွဲမြို့နယ်၊ ခမောင်းတုန်းရွာအနီးရှိ မြစ်ကြောင်းတွင် ကျောက်ချရပ်နားထားသည့် စစ်ကောင်စီရေတပ်နေဗီ လက်နက်ကြီး ပစ်ခတ်နေသည်ဟု ဒေသခံ ၁ ဦးက ပြောသည်။

“လက်နက်ကြီး ပေါက်ကွဲသံတွေ ကြားရတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲတော့ ၆ ကြိမ် ရှိပါပြီ။ တဲမောက် ရွာရဲ့ မြောက်ဘက် တောင်တန်းတွေက မီးခိုးတွေ ထွက်နေတာ မြင်ရတယ်။ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှာကို ရွာသားတွေ စိုးရိမ်နေကြတယ်” ဟု ဆိုသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်အချိန်တွင်လည်း တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး ၂ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မြေပုံမြို့နယ်၊ ကမ်းထောင်းမြို့၏ မြောက်ဘက်၌ ရှိသည့် တောင်တန်းများကို စစ်ကောင်စီအဖွဲ့က မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် Jet Fighter ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ပြီးခဲ့နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ယခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ၄လကျော်ကာလအတွင်း အရပ်သားသေဆုံး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၆၄၇ဦး၊ မတရားဖမ်းဆီးခံရသူ ၄၇၁ ဦးနှင့် စစ်ဘေးရှောင်ဦးရေ ၃၅၈၂၀၀ အထိ တိုးလာကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီလ ၄ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Website
http://www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ