Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲတွင် တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ကူတိုက်ခိုက်

(စစ်ကောင်စီဖက်က ၆၀ ကျော်ထိ သေဆုံးဟု ဒေသခံများဆို)

ရက္ခိုင်ပြည် သံတွဲတွင် ယနေ့ နံနက်ပိုင်းက အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဖက်က အကျအရှုံး ၆၀ ကျော်ထိ ရှိနေသဖြင့် ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ကူတိုက်ခိုက်ပေးခဲ့ကြောင်း ဒေသခံရွာသားများ ပြောပြချက်အရ သိရသည်။

ယနေ့နံနက် ၄ နာရီကျော်တွင် အာရက္ခတပ်တော် နှင့်စစ်ကောင်စီတို့ နှစ်ဖက်စစ်ရေးပြင်းထန်ခဲ့မှုကြာင့် စစ်ကောင်စီဖက်မှ ဂျက်ဖိုက်တာဖြင့်လာရောက်ပြီး ပေါင် ၅၀၀   ထိခိုက်သေဆုံးသူ ၆၀ အထိရှိခဲ့‌ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

‘’ AA ၀င်တိုက်တယ်။ စစ်ကာင်စီတပ်သား ၆၀ ကျော်သေသွားတယ်။ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့လာပစ်တာ။ ပေါင် ၅၀၀ ဗုံးနဲ့ချတာပါ။ တိုက်ပွဲကအခုထိပြင်းနေတုန်းပဲ“ ဟုဆိုသည်။

ထို့အပြင် သံတွဲတွင် ဒေသခံ ငါးဖမ်းဘုတ်များအားလည်း ယနေ့မနက်က စစ်ကောင်စီအဖွဲ့ ရေတပ် နေဗီက လိုက်လံ ဖမ်းဆီးမှုများရှိကြောင်းလည်း သိရသည်။

အာရက္ခတပ်တော်နှင့် စစ်ကာင်စီအဖွဲ့တို့ကြား ယမန်နေ့ ဧပြီ ၂၆ ရက်နေ့က ရွှေလှေတံတားအနီး တောင်တန်းများတွင် တိုက်ပွဲ ပြင်းထန်ဖြစ်ပွဲခဲ့၍ စစ်ကောင်စီတပ်သားများ အသေအပျောက်များခဲ့ရကြောင်း ‌‌ဒေသခံများပြောပြချက်အရ သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့ ၂၆ ရက်နေ့ညတွင်လည်း တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ နတ်ကံရွာတောင်တန်းအနီးသို့ ဂျက်ဖိုက်တာဖြင့်ပစ်ခတ်ခဲ့ရာ အုန်းပင်၊ သစ်ပင်နှင့် လမ်းများပြိုကျ ပျက်စီးသွားခဲ့ကြောင်းသိရသည်။

အာရက္ခတပ်တော်နှင့်စစ်ကောင်စီတို့သည် အမ်း၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်တို့တွင်တိုက်ပွဲများ နေ့စဥ်ရက်ဆက်ပြင်းထန်နေဆဲဖြစ်ပြီး ဘူးသီးတောင် နှင့် မောင်တော မြို့နယ် နှစ်ခုအား ညမထွက်ရအမိန့်ကို အာရက္ခတပ်တော်က ယမန်နေ့ ဧပြီ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်၊၊

လက်ရှိတွင် အာရက္ခတပ်တော်သည် ဘူးသီးတောင် ၊ မောင်တောရှိ စစ်‌ကောင်စီ၏ စစ်စခန်းများ၊ ဗျူဟာများကို အရှိန်မြှင့်တိုက်ခိုက်နေကြောင်း AA ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ