Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်နက်ချအညံ့မခံဘဲ ထွက်ပြေးခဲ့သည့် ခမရ ၅၆၅ တပ်ရင်းမှ ဒုတပ်ရင်းမှူးအား ဒဏ်ရာများ ဖမ်းဆီးရမိ၍ AA ဆေးကုပေးထား

AB News-ဧပြီ ၇၊ ၂၀၂၄

လက်နက်ချအညံ့မခံဘဲ ထွက်ပြေးခဲ့သည့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်၏ ဘူးသီးတောင်၊ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၆၅) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်၊ ကြည်း /၄၁၁၄၇ အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ ညနေ (၄) နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ဘဒနာကျေးရွာ အနီးတွင် ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

၎င်းမှာ DSA အပတ်စဉ် (၄၇) ဖြစ်ပြီး ဘူးသီးတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၅၆၄) တပ်ရင်းဌာနချုပ် အား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်သည့် စခန်းသိမ်းတိုက်ပွဲမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဒုတပ်ရင်းမှူး ဇော်ဇော်အောင်အား ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့မှ လူသားချင်းစာနာစွာဖြင့် ဆေးကုသပေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ပါရှိသည်။

ထို့အပြင် ထုတ်ပြန်ချက်တွင် “ခမရ (၅၆၄) စခန်းမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ လိုက်လံ တိုက်ခိုက် ချေမှုန်းလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ပြီး အခြားလွတ်မြောက်နေသေးသော သူများကိုလည်း ဆက်လက် လိုက်လံ တိုက်ခိုက် ချေမှုန်းလျက်ရှိသည်” ဟု ပါရှိသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ