သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေဦးမြို့နယ်က တိုက်နယ်ပြည်သူ့ဆေးရုံကို စကမ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

AB News – ဒီဇင်ဘာ ၁၈ ၊ ၂၀၂၅
ဂျူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးမြို့နယ်၊ တမာတောရွာတိုက်နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းဖြင့် ဖျက်အားပြင်းပေါင် ၅၀၀ ဗုံး (၁) လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်အချိန်ခန့်က စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူများ ဆေးကုသမှုခံယူနေသော တိုက်နယ်ပြည်သူဆေးရုံအား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တော်- ရေဦးကဆိုသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဆိုင်ကယ် (၂)စီးမီးလောင်ပျက်စီးခဲ့ကာ၊ တိုက်နယ်ဆေးရုံးဝန်းအတွင်းရှိ အဆောက်အဦးများအပါအဝင် ဆေးရုံသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာ (၁၇)ရက်နေ့ တစ်ရက်တည်းတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် ဒေသခံပြည်သူ ၄ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့ပြီး
လူနေအိမ်အချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀) ရက်၊လူ့အခွင့်အရေးနေ့ကလည်း စစ်ကော်မရှင်သည် ရက္ခိုင်ပြည်၊မြောက်ဦးမြို့ ပြည်သူ့ဆေးရုံးကြီးကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် (၃) လ အရွယ်ကလေး ၁ ဦးအပါအဝင် ပြည်သူ ၃၃ ဦးသေဆုံးခဲ့ပြီး၊ အရပ်သားပြည်သူ ၇၈ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)၏ထုတ်ပြန်ချက်တွင် စစ်ကော်မရှင်က နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀၀ အထိပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၄၄၇၀ ဦးအထိ သေဆုံးခဲ့ရကြောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ