သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်၊ ထွန်းရဝေရွာဟောင်းဝန်းကျင်ကို စစ်ကောင်စီ ဗုံးကြဲဲခဲ့



‎AB News – သြဂုတ် ၉၊ ၂၀၂၅
‎ဒေဝီ

‎ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ ထွန်းရဝေရွာဟောင်းအနီး ပတ်ဝန်းကျင်ကို စစ်ကောင်စီက ယနေ့ သြဂုတ် ၉ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

‎ယနေ့ သြဂုတ် ၉ ရက်နေ့၊ ညဉ့် ၂ နာရီ ကျော်လောက်က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအနီးရှိ တာတမံဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎ထွန်းရဝေ ရွာခံ ၁ ဦးက ” ရွာနားတွေမှာ မကျလို့တော်သေးတယ်။ ည ၂ နာရီလောက်ကြီး လေယာဉ်လာသံ ကြားလိုက်တယ်။ ချမယ်လို့ မထင်လိုက်ဘူး” ဟု ပြောသည်။

‎ယင်းအ​​ပြင် ယမန်နေ့ သြဂုတ် ၈ ရက်နေ့၊ညဉ့် ၁၁ နာရီကျော်ခန့်က ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာအထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းတို့ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

‎ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က AA သိမ်းပိုက်ထားသည့် မြို့နယ် ၁၅ ခု အပါအဝင် တိုင်းနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို မင်းအောင်လှိုင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ရက် ၉၀ ကြာ အရေးပေါ်အခြေအနေကြေညာခဲ့သည်။

‎ထိုကဲ့သို့ကြေညာခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းတွင် ရက္ခိုင်ပြည်နယ်ရှိ နေရာအနှံ့အပြား၌ စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာများ နေ့ရောညပါ ပျံဝဲလျက်ရှိနေသဖြင့် ပြည်သူများ ထိတ်လန့်နေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ