Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးပြန်လွတ်

စစ်တွေတွင် နိုင်ငံတော်ဆူပူမှုပုဒ်မ ၅၀၅  ( ခ )  ဖြင့်ဖမ်းဆီးထောင်ချခံထားရသည့် ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး ယမန်နေ့က ပြန်လွတ်လာကြောင်း သိရသည်။

Nyo Aye
Daw Nyo Aye

သူမသည် ယမန်နေ့ ဧပြီလ ၁၇ ရက် နေ့လယ် ၂ နာရီကျော်တွင် စစ်တွေအကျဥ်းထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သမီးဖြစ်သူ မစောမြသန္တာက AB News သိုပြောသည်။

” ဒီနေ့အမေလွတ်လာပါတယ်။” ဟုဆိုသည်။

ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်သြဂုတ်လ ၁၃ ရက်နေ့ ဆန်ပြဿနာနေ့အထိမ်းအမှတ်ကိုတက်ရောက်ခဲ့ရာ စစ်ကောင်စီ၏ ဖမ်းဆီး ခြင်းကိုခံခဲ့ရပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် စစ်တွေတရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသည်။

သြဂုတ် ၁၃ ရက်နေ့က စစ်တွေကျောင်းသားသမဂ္ဂကျင်းပပြုလုပ်သည့် ဆန်ပြဿနာနေ့ကို ဒေါ်ညိုအေး တက်ရောက်ခဲ့ပြီး သူမ၏ အတွေ့အကြုံများကို ဟောပြောခဲ့၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်ညိုအေးမှာ ရက္ခိုင်ရှိ အမျိုးသမီးများ လူ့အခွင့်အရေး၊ တန်းတူရေး၊ တရားမျှတရေးများအတွက် ဦးဆောင် ဦးရွက် ရှေးတန်းမှ ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။

သြဂုတ် ၁၃ ဆန်ပြဿနာနေ့သည် ရက္ခိုင် ပြည်သူတရပ်လုံးက စီးပွားရေးအကျပ်ဘေးရင်ဆိုင်နေခဲ့ရသည့်အချိန်တွင် ဆန်ရရှိရေးကို တောင်းဆိုကြသည့်နေ့ ဖြစ်ပြီး ထိုနေ့က ပြည်သူ ရာနဲ့ချီ ပစ်သတ်ခံခဲ့ရသည်။

၁၉၆၇ ခု သြဂုတ်လ ၁၃ ရက်နေ့တွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိမှု အဖြစ်အပျက်များရှိခဲ့သည့်အတွက် သြဂုတ်လ ၁၃ ရက်နေ့ကို စစ်တွေဆန်ပြဿနာနေ့အဖြစ် ရက္ခိုင်တစ်မျိုးသားလုံးက အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ကြခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ