သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎ရက္ခိုင်တွင် ဇူလိုင်လအတွင်း ရေနစ်သေဆုံးသူ ၅ ဦးထိရှိလာ



‎AB News – ဇူလိုင် ၁၅ ၊ ၂၀၂၅
‎ချန်ဒြာ

‎ရက္ခိုင်တွင် ဇူလိုင်လအတွင်း ရေနစ်၍ သေဆုံးသူ ၅ ဦးထိရှိလာကြောင်း AB News ၏ စစ်တမ်းကောက်ချက်အရ သိရသည်။

‎ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်၊ နံနက် ၁၁ နာရီခန့်တွင် အမ်းမြို့နယ် တပ်တောင်မြို၊ အဝပြင် (၂) ရွာမှ အသက် (၁၆) နှစ်အရွယ် မဆုမြတ်လှိင် (ခ) ပိစိ နှင့် ညီမဖြစ်သူ အသက် (၁၂) နှစ်အရွယ် မဆုသက်လှိင် (ခ) စုစုမ တို့ ညီအစ်မ ၂ ဦးသည် ရွာသား ၃ ဦးနှင့်အတူ အဝပြင် (၂) ရွာရှိ ကာရီပြင်ချောင်းမှ ထိန်တောရွာ ချောင်းဘက်သို မှိဟင်းခူးရန် သွားရောက်ခဲ့ကြသည်။

‎၎င်းတို့ ၂ ဦးသည် မှိုဟင်းခူးစဉ် ခြေချော်လဲကာ ရေထဲပြုတ်ကျပြီး နှစ်ဦးစလုံး ရေနစ်သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

‎ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင်လည်း မင်းပြားမြိုနယ်၊ ခေါင်းလောင်းကျေးရွာမှ အဖ ဦးမောင်စောလှ၊ အမိ ဒေါ်စိန်ကျော့ဖြူတို၏  သား အသက် ၂၉ နှစ်အရွယ် မောင်နိုင်လင်းဌေးသည်  ပျောက်ဆုံးသွားခဲ့ပြီး ဇူလိုင် ၁၀ရက်နေ့တွင် ဇီးကိုင်းချောင်း၌ ရေနစ်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

‎အလားတူ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့ ကလည်း မောင်တောမြိုနယ်၊ အောင်သုခကျေးရွာ တွင် မအေးအေးသန်း (အသက် ၂၇ နှစ်) နှင့် ၎င်း၏အဖော် အယောင်းချေ တိုသည် ခင်ပွန်းဖြစ်သူထံ ထမင်းပို့ရန် သဝင်ချောင်း ကို ဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့သည်။

‎ယခုနှစ်မိုးရာသီ ကာလအတွင်း ရက္ခိုင်တွင် ရေနစ်သေဆုံးသူ ၁၇ ဦးထိ ရှိနေပြီဖြစ်ကြောင်းများအရ သိရသည်။

‎ထို့အတွက်ကြောင်း ပြည်သူများအနေဖြင့် မြစ် ၊ ချောင်း၊ အင်း၊ အိုင်များကို ဖြတ်သန်းသွားလာရာတွင် အထူးဂရုပြုသွားလာရန် လိုအပ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ