သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင် မဲရှုံးနိမ့်



‎AB News – ဒီဇင်ဘာ ၂၉၊ ၂၀၂၅

‎ရက္ခိုင်ပြည်ရှိ မြို့၃ မြို့တွင် ကျင်းပသည့် စကမရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)သည် မဲဆန္ဒနေရာအများစုတွင် မဲရလဒ်အခြေနေဆိုးနေကြောင်း သိရှိရသည်။

‎ယမန်နေ့ ဒီဇင်ဘာလ ၂၈ရက် နေ့က ပြုလုပ်ကျင်းပသော စစ်ကော်မရှင် ရွေးကောက်ပွဲကို မဲအများဆုံးရရှိသူ အနိုင်စနစ် (FPTP) ဖြင့် ကျင်းပခဲ့ပြီး ရက္ခိုင်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

‎စစ်တွေမြို့မှ အမျိုးသားလွတ်တော်ကိုယ်စားလှယ် နေရာယှဉ်ပြိုင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဌ ဒေါက်တာအေးမောင် မဲရှုံးနိမ့်သွားကြောင်း ၎င်းက ဆိုသည်။

‎ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက မဲပိုရနေပြီး စစ်တွေမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာယှဥ်ပြိုင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာ ဒုတိယနေရာတွင်သာရှိနေကြောင်းသိရှိရသည်။

‎ရက္ခိုင်က မဲဆန္ဒနယ်များတွင် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ဦးဘရှိန် ဦးဆောင်သည့် ရခိုင့်တိုင်းရင်းသားများပါတီ(RNP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အခြားပါတီငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

‎ဒေါက်တာအေးမောင်ပါတီမှာ မာန်အောင်မြို့တွင် ရလဒ်ကောင်းများ ရှိနေ‌ပြီး၊ စစ်တွေ‌နှင့် ကျောက်ဖြူ‌မြို့ တို့တွင် မဲရှုံးခဲကာ အဆိုပါ မြို့နှစ်ခုတွင် ကြံခိုင်ရေးပါတီက မဲရလဒ်ကောင်း ရရှိနေကြောင်း သိရှိရသည်။


‎စစ်ကော်မရှင်သည် ရက္ခိုင်ကမြို့ ၇ မြို့တွင် ရွေးကောက်ပွဲကျင်းပရန် ပြုလုပ်ခဲ့သော်လည်း အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် သံတွဲ၊ တောင်ကုတ်၊ အမ်းနှင့် ဂွမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ