သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးခရိုင်အတွင်း ခိုးရာပါ ဆိုင်ကယ် ၁၀ စီးကို ပိုင်ရှင်များလက်ထဲ လွှဲပြောင်းပေး

AB News – နိုဝင်ဘာ ၁၁၊ ၂၀၂၅

အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသော မြောက်ဦးခရိုင်အတွင်း ခိုးရာပါ ဆိုင်ကယ်များကို DLEPS တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပိုင်ရှင်များလက်ထဲသို့ လွှဲပြောင်းပေးခဲ့ကြောင်း မြို့ခံများက ဆိုကြသည်။

သူခိုးများထံမှ ဖမ်းဆီးရရှိသော ဆိုင်ကယ် ၁၀ စီးအား DLEPS တပ်ဖွဲ့ဝင်များက စိစစ်ပြီး ပိုင်ရှင်များလက်ထဲသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ခိုးရာပါ ဆိုင်ကယ်များအား ပိုင်ရှင်များထံသို့ ပြန်လည်လွှဲပြောင်းပေးရာတွင် ပေးအပ်ပွဲအခမ်းအနားပြုလုပ်၍ ပေးအပ်ခြင်းကြောင်း သိရသည်။

ခိုးရာပါ ဆိုင်ကယ်များမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ်များမှ ဖြစ်ပြီး ဆိုင်ကယ်လွှဲပြောင်းအခမ်းအနားသို့ ပိုင်ရှင် ၆ ဦးသာ တက်ရောက်၍ ဆိုင်ကယ်များကို ယူသေးကြောင်း သိရသည်။

ကျန်ရှိနေသော ဆိုင်ကယ် ၄ စီးကိုလည်း ပိုင်ဆိုင်ကြောင့် သက်သေအချက်အလက်များဖြင့် လာရောက်၍ ထုတ်ယူနိုင်ပါကြောင်း မြောက်ဦးခရိုင်ရှိ DLEPS တပ်ဖွဲ့အရာရှိများက ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ