သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ လျှပ်စစ်မီးအချိန်မှန်မရရှိသည့် မူဆယ်မြို့နယ်ရှိ ကျေးရွာများကို ဆိုလာမီး တပ်ဆင်နေ

AB News – နိုဝင်ဘာ ၁၇၊ ၂၀၂၅
မောင်လိုကီ

လျှပ်စစ်မီးအချိန်မှန်မရရှိသောကြောင့် ညအချိန်သွားလာမှု အခက်ခဲကြုံနေ‌ရသော ညီနောင်မဟာမိတ် သုံးဖွဲ့ထိန်းချုပ်ဒေသ၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်ရှိ ပြည်ထောင်စုလမ်းမနှင့် အနီးအနားရှိကျေးရွာများ၌ လမ်းမီးတိုင်များတွင် ဆိုလာစနစ် လမ်းမီးများ တပ်ဆင်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး အာရက္ခတပ်တော်(AA)နှင့် ကိုးကန့်တပ်(MNDAA) တို့က ညအချိန်တွင် ပြည်သူများသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်ပြီး မိုင်းယု (၁၀၅) မိုင်ရှိလမ်းများတွင် ဆိုလာလမ်းမီးများ တပ်ဆင်ပေးခဲ့ခြင်းးဖြစ်ကြောင်း သိရသည်။

မိုင်းယု (၁၀၅) မိုင်ရှိ လျှပ်စစ်မီးအား စစ်ကော်မရှင်တပ် ထိန်းချုပ်နယ်မြေဖြစ်သည့် မူဆယ်မြို့မှ ထုတ်လွှတ်ပေးခြင်းဖြစ်ပြီး ၂၀၂၅ နှစ်လည်ပိုင်းမှ စတင်ကာ တစ်ရက်လျှင် ၁ ကြိမ်ခန့် အချိန်ကန့်သက်ချက်ဖြင့် ‌လျှပ်စစ်မီးဖြန့်ဝေပေးဆောင်ခဲ့ရာ ဒေသခံပြည်သူများ အခက်အခဲဖြစ်နေရကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောကြားသည်။

“လျှပ်စစ်မီးမရတော့ အစစအရာရာ အခက်ခဲတွေရှိတယ်။ လျှပ်စစ်မီးက စကမ ပေးနေတာဆိုတော့ သူတို့ပေးချင်တဲ့ အချိန်ပေးတယ်။ တစ်ရက်မှာ တစ်ခါလာတယ်။ လာရင်လည်း ၂နာရီတောင် မပြည့်ဘူး။ မီးမလာတော့ ညအချိန် အမှောင်ထဲမှာ နေရတယ် ဖယောင်းတိုင်းတို့၊ လျှပ်စစ်မီးအိမ်တွေဝယ်ထားရတယ်။ ကုန်ဈေးတွေကလည်း ကြီးတော့ အဆင်မပြေတဲ့ လူတွေအခက်တွေတာပေါ့။ ချက်ရေးပြုတ်ရေးမှာလည်း ထင်းတို့ မီးသွေးတို့ သုံးနေရတော့ ငွေကြေးကုန်ကျမှုတွေ များတယ်” ဟုဆိုသည်။

“အခုလို မဟာမိတ်တပ်တွေက ဆိုလာလမ်းမီးတွေ ဆင်ပေးနေတော့ ကောင်း‌တာပေါ့၊ ညအချိန်သွားလာရေး အဆင်ပြေတယ်။ အခုလိုလုပ်ရပ်အပေါ် ဝမ်းသာပီတိဖြစ်မိပါတယ်” ဟု ၎င်းကထပ်မံပြီး AAနှင့် MNDAAတို့၏ ဆိုလာမီးတပ်ဆင်မှုများအပေါ် ပြောဆိုထားသည်။

ဆိုလာမီးအလုံးရေ ၁၇၀ခန့် တပ်ဆင်ပေးသွားမည်ဖြစ်ရာ ယခုအခါ မိုင်းယု ၁၀၅ မိုင်မှ ကျင်စန်းကျော့လမ်းခွဲ ထိကို တပ်ဆင်ပေးထားကာ ကျန်ရှိ‌သော နယ်မြေများကို တစ်ရက်လျှင် နယ်မြေတစ်ခုစီအလိုက် တပ်ဆင်ပေးသွားမည် ဖြစ်ပြီး၊ ကျေးရွာများကို နောက်ပိုင်းတပ်ဆင်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်‌နေ့မှ စတင်ပြီး အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA) တို့ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဦးဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့ထိန်းချုပ်ထားသော မူဆယ်မြို့နယ်၊ နယ်စပ်ကုန်သွယ်ရေးလမ်း ကျင်ဆန်းကျော့နှင့် မိုင်းယု (၁၀၅)မိုင် ကြား ပျက်စီးနေသော ပြည်ထောင်စုလမ်းမကြီးရှိ လမ်းပိုင်းများကို ပြန်လည်ပြုပြင်နေကြောင်း သိရသည်။

ပုံစာ – ညီနောင်မဟာမိတ်တပ်ထိန်းချုပ်နယ် မိုင်းယု ၁၀၅မိုင် တွင် AAနှင့် MNDAA တို ဆိုလာမီးများ တပ်ဆင်ပေးနေစဉ်။(Photos – Mine Yu News)

Arakan Bay News #ABN #ညီနောင်မဟာမိတ်တပ် #AA #MNDAA #TNLA #မိုင်းယု ၁၀၅မိုင် #လျှပ်စစ်မီး #ဆိုလာလမ်းမီးတပ်ဆင်

ထင်မြင်ယူဆချက်‌‌ပေးရန်