သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမှ မူဆလင် တစ်ဦးလျှင် ၅ သိန်းကျပ်စီယူပြီး စစ်ကောင်စီနှင့် မူဆလင်လက်နက်ကိုင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူကုန်ကူးနေ

AB News-သြဂုတ် ၆၊ ၂၀၂၄

ရက္ခိုင်ပြည် မောင်တောမြို့နယ်မှ မူဆလင်များကို အခကြေးငွေယူပြီး စစ်ကောင်စီတပ်နှင့် မူဆလင်လက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ လူကုန်ကူးနေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ကူးလိုသည့် မူဆလင် တစ်ဦးလျှင် မြန်မာငွေကျပ် ၅ သိန်းကျပ်စီ ပေးရကြောင်း မူဆလင်အမျိုးသား တစ်ဦးက AB News သို့ပြောသည်။

“ဘင်္ဂလာဖက်ကမ်းသို့ ကူးချင်ရင် ၅ သိန်းပေးရင် ကူးလို့ရပါတယ်။ သူတို့က လှေ၊ စက်လှေ၊ ဘုတ်တွေနဲ့ အဆင်ပြေသလို အမျိုးမျိုး ပို့ပေးနေတာ ရှိပါတယ်။ အဓိကတော့ မူဆလင် လက်နက်ကိုင်တွေက တာဝန်ယူပြီး ပို့ပေးတာပါ” ဟုပြောသည်။

မောင်တောမြို့နယ် မောင်နီကျေးရွာမှ မိသားစု ၂၀၀ ခန့် လူဦးရေ ၆၀၀ ကျော်တို့သည် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံဖက်သို့ ကူးရန် ဖေဇီကျေးရွာသို့ သြဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိလာကြကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့အား ဘင်္ဂလားဒေ့နိုင်ငံသို့ ပို့ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာမြို့၊ ပိုက်သည်ရွာ (Jalia Para, Teknaf Sadar) မှ ဘုတ်သုံးစီးအား မောင်တောမြို့ ကညင်တန်းရပ်ကွက်မှ လက်နက်ကိုင် ဒီမာမောက် (မူဆလင်) ကမှာယူထားကြောင်း သိရသည်။

ဓာတ်ပုံ-ပဒင်းပိုက်ဆိပ် (မူဆလင်)ရွာမှ အဖ ဆူတင်၏သား (Kamal Hossain)  ကာမာဟိုဆိန်း (၃၅) နှစ်အား စစ်ကောင်စီတပ် နယ်ခြားစောင့် ယူနီ‌ဖောင်း၊ စစ်လက်နက်များဖြင့်တွေ့ရစဥ်/AB News

လူစာရင်းကောက်ယူရန်နှင့် ငွေကောက်ခံရန်အတွက် ဒီမာမောက်၏ တပည့်ဖြစ်သူ ပဒင်းပိုက်ဆိပ် (မူဆလင်ရွာ) မှ အဖ ဆူတင်၏သားဖြစ်သူ ကာမာလ် ဟိုးဆိန်း (Kamal Hossain) အသက် ၃၅ နှစ် နှင့် မောင်တောမြို့ ကညင်တန်းရပ်ကွက်မှ အီစု အသက် ၃၅ နှစ်တို့အား တာဝန်ပေးထားပြီး ၎င်းတို့လည်း မူဆလင် ၆၀၀ ကျော်တို့နှင့်အတူ ဖေဇီရွာတွင် ရှိနေကြောင်း ခိုင်လုံသတင်းရင်းမြစ်အရ သိရသည်။

 ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကူးရန် ဖေဇီကျေးရွာတွင် ရောက်ရှိနေသည့် လူဦးရေ ၆၀၀ ကျော်တို့တွင် စစ်လက်နက်များလည်း ပါရှိသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်