Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ် ၃ မိုင်တွင် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးသတ်ဖြတ် 
စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် သံလုံး အားတွေ့ရစဥ်

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်  ၃ မိုင်တွင် စစ်ကောင်စီတပ်သားများက ဒေသခံပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ မောင်တောမြို့နယ်၊ ချီးရားတန်း ကျေးရွာမှ အဖ မောင်သာထွန်း၏သား အသက် ၄၅ နှစ်အရွယ် သံလုံး နှင့် ရွာသာယာကျေးရွာမှ အသက် ၃၂ နှစ်အရွယ် မောင်စိုးဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် ယမန်နေ့ မေလ ၉ ရက် နေ့လည် ၁ နာရီတွင် ( CZI- 125) Canda အမျိုးအစား ဆိုင်ကယ် အနီရောင်တစ်စီးဖြင့် ရွာသာယာမှ ၃ မိုင်းဖက်သို့ သွားစဥ် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“မနေ့က ၁ နာရီ လောက်မှာပါ။ Canda ဆိုင်ကယ်တစ်စီးနဲ့ ၃ မိုင်ဖက်ကို သွားတယ်။ စစ်ကောင်စီက ဖမ်းဆီး​ပြီး သေနတ်နဲ့ပစ်သတ်လိုက်တယ်” ဟုဆိုသည်။

၎င်းတို့အား သတ်ဖြတ်စဥ် အကြမ်းဖက် စစ်ကောင်စီနှင့် အစွန်းရောက်ဘင်္ဂလီများပါဝင်သည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကောင်စီသည် ၎င်းဒေသခံရွာသား ၂ ဦးအား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသတ်ဖြတ်သည်ကိုကား မသိရှိရပေ။

ပြီးခဲ့သည့် မေလ ၉ ရက်၊  နံနက် ၅နာရီခန့်အချိန်လည်း မောင်တောမြို့နယ်ရှိ ရွှေရင်အေးရွာကို  မြို့သူကြီး နခခ ၅မှ စစ်ကောင်စီ-စစ်သွေးကြွ ဘင်္ဂလီမူဆလင် ပူးပေါင်းအဖွဲ့မှ မီးရှို့ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၇ ရက်နေ့တွင်လည်း မောင်တောမြို့ရှိ  ဝေသာလီရပ်ကွက်ကို စစ်ကောင်စီအဖွဲ့နှင့် စစ်သွေးကြွ ဘင်္ဂလီမူဆလင်များ ဝင်ရောက်ကာ နေအိမ်များကို  မီးရှိခဲ့ပြီး လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် မိခင်ဖြစ်သူ သေဆုံးခဲ့ရကာ သားဖြစ်သူနှင့် သမီးဖြစ်သူလည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ