Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် အာဆာအဖွဲ့ က အရပ်သားပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်

AB News-ဇွန် ၂၃၊ ၂၀၂၄

ရက္ခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာ အနီးတွင် လမ်းသွား လမ်းလာ ပြည်သူများအား စစ်သွေးကြွအကြမ်းဖက် ARSA အဖွဲ့က ဇွန်လ ၂၁ ရက်နေ့ည ၈ နာရီခန့်တွင် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

ပတ်ခတ်ခံခဲ့ရသူများမှာ ကြိမ်ချောင်းကျေးရွာမှဖြစ်ပြီး ၎င်းတို့သည် ကြိမ်းချောင်းမှ လောင်းဒုံကျေးရွာဖက်သို့ ကားဖြင့် သွားရာ လမ်းခုလတ်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပစ်ခတ်ခံခဲ့ရသူနှင့်နီးစပ်သူက AB News သို့ပြောသည်။

“သူတို့ပြောတာကတော့ ညောင်းချောင်းကနေ လောင်းဒုံကို သွားတဲ့ လမ်းမှာ အာဆာအဖွဲ့က လိုက်ပစ်တာလို့ သိရပါတယ်။ မွတ်ဆလင်စကားသံတွေနဲ့ ပြောတာကိုကြားတယ်။ ကျည်အဆက်မပြတ် ၂၀ လောက်ကို ပစ်တာလို့ သိရပါတယ်” ဟုဆိုသည်။

မောင်တောမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်အတူ ARSA, RSO, ARA နှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်စစ်သွေးကြွများ ပါဝင်နေပြီး အချို့ ARSA အဖွဲ့ဝင်များမှာ စစ်ကောင်စီနှင့် သဘောထားမတိုက်ဆိုင်၍ ခွဲထွက်အဖွဲ့များ မောင်တောမြို့နယ်တွင် ပြန့်နှံ့နေကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း ခရေမြိုင်ရွာမှ အမျိုးသား တစ်ဦးမှာ ARSA အဖွဲ့၏ ပတ်ခတ် သတ်ဖြတ်ခြင်းကို ခံရ၍ သေဆုံးသွားခဲ့သည်။

ARSA အဖွဲ့သည် ရက္ခိုင်-ဘင်္ဂလာနယ်စပ်ဒေသများရှိ ဒေသခံပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲ ငွေတောင်းခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။

မောင်တောမြို့နယ်တွင် ရှိသည့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့အပါအဝင် အစွန်းရောက် ဘင်္ဂလီစစ်သွေးကြွအဖွဲ့များကိုလည်း အာရက္ခတပ်တော်က တိုက်ခိုက် ချေမှုန်းလျက်ရှိကြောင်း တပ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ