Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် အစွန်းရောက်ဘင်္ဂလီများရန်ကို စိုးရိမ်ပြီး ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာသို့တိမ်းရှောင်

ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် အကြမ်းဖက် စစ်ကောင်စီနှင့် အစွန်းရောက်ဘင်္ဂလီများရန်ကို စိုးရိမ်ပြီး ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာသို့တိမ်းရှောင်လျက်ရှိကြောင်း သတင်းရရှိသည်။

၎င်းတို့သည် ယနေ့ မေလ ၁၁ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် အထုတ်အပိုးများထမ်းပြီး တုတ်တုတ်ဘီးများဖြင့် စစ်ဘေးလွတ်ရာနေရာများသို့ ထွက်ခွာနေကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” မြို့ထဲမှာမနေရဲတော့ဘူး၊၊အကုန်လုံးအထုတ်အပိုးတွေထမ်းပြီး ရွှေ့ပြောင်းနေကြပြီ။ စစ်ဘေးလွတ်တဲ့နေရာတွေကို တိမ်းရှောင်နေကြတယ်”ဟု ဆိုသည်။

ထို့အပြင် မောင်တောမြို့ထဲတွင် စစ်ကောင်စီနှင့် အစွန်းရောက်ဘင်္ဂလီများသည် ရက္ခိုင်ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးနေမှုကြောင့် ဒေသခံပြည်သူများလည်း မနေဝံ့ဘဲ ထွက်ပြေးတိမ်းရှောင်ရသည်ဟု သိရသည်။

ထွက်ပြေးစွန့်ခွာသူများတွင် စားနပ်ရိက္ခာအပါအဝင် အသုံးအဆောင်ပစ္စည်းများ အိမ်တွင် ကျန်ခဲ့သည့်အတွက် အခက်တွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ကျနော်တို့က ထွက်ပြေးတိမ်းရှောင်တာပါ။ စားဖို့ကနည်းနည်းပဲပါတယ်။ အကုန်လုံးမသယ်နိုင်ဘူး။ အိမ်မှာ ဒီအတိုင်းထားခဲ့ရတယ်။တိုက်ပွဲကလည်း မြို့ထိနီးကပ်လာပြီ “ဟုဆိုသည်။

မောင်တောမြို့သည် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့ဖြစ်သည့်အတွက် ခိုးဆိုး၊ လုယက်မှုလည်း နေ့စဥ်တွေ့နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် အစွန်းရောက်ဘင်္ဂလီများကလည်း မောင်တောမြို့ရှိ ကုလားပန်ဇင်ချောင်းတံတား၊ လဘော်ဇားတံတား၊ ကံကျမြောက်တံတားနှင့် ပန်းတောပြင်တံတားတို့ကို မိုင်းခွဲဖျက်ဆီးထားသည်ကိုတွေ့ရသည်။

ထို့အပြင်စစ်ကောင်စီသည် မောင်တောမြို့မကျဆုံးစေရေးအတွက် တပ်သားအင်အားနှင့် လက်နက်ခဲယမ်းအများအပြား ဖြည့်တင်းလျက်ရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

မောင်တောနယ်တွင် အာရက္ခတပ်တော်က မြို့သူကြီး နခခ ၅ တပ်ရင်းအနီးထိ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် စစ်မျက်နှာပြင်လည်း ပို၍ကျယ်ပြန့်လာကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ