သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် အစ္စလာမ် ဘာသာဝင်များ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အဝ ရရှိ

​AB News – ဒီဇင်ဘာ ၅၊ ၂၀၂၅
နွယ်စိုး

​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ အုပ်ချုပ်မှု နယ်မြေများအတွင်း ရက္ခိုင်ပြည်ရှိ အစ္စလာမ်ဘာသာဝင်များသည် ဘာသာရေး ကိုးကွယ်ခွင့်များ၊ ဘာသာရေးပွဲတော်များ လွပ်လပ်စွာ ကျင်းပခွင့်များ ရရှိနေကြောင်း မူဆလင်အသိုင်းအဝိုင်းက ပြောသည်။

အာရက္ခဒေသရှိ မူဆလင်များမှာ ဘာသာရေးလွတ်လပ်ခွင့် အပြင် လွတ်လပ်စွာ ခရီးသွားလာခွင့်၊ ပညာသင်ကြားခွင့်၊ စီးပွားရေးလုပ်ပိုင်ခွင့်များစသည့် နိုင်ငံသားများ ရသင့် ရထိုက်သည့် အခွင့်အရေးများကို လည်း ရရှိနေကြောင်း မူဆလင် အာလီကာဘူက ဆိုသည်။

ထို့ပြင် ၎င်းတို့အတွက် ဘာသာရေး၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ၏ ဗဟိုချက်မဖြစ်သော ဗလီဝတ် ကျောင်းတော်များအတွင်း ဝတ်ပြု ဆုတောင်းခြင်းများကိုလည်း ပြန်လည် ဖော်ဆောင်ခွင့် ရရှိလာသည်ဟု ဒေသခံ မူဆလင် အော်ဇူလာက AB News သို့ပြောသည်။

​ “လက်ရှိ AA အုပ်ချုပ်မှုကာလမှာ ကျ​နော်တို့ မူဆလင်လူမျိုးတွေ အလေးအနက်ထား ကိုးကွယ်တဲ့ ဗလီဝတ်ပြုခွင့်တွေ အပြည့်အဝ ရရှိပါတယ်။ ဘာသာရေးပွဲတွေဆိုရင်လည်း အတားအဆီးမရှိပဲ လွတ်လပ်စွာ ကျင်းပခွင့်ရသလို ကိုးကွယ်ခွင့်လည်း ရပါတယ်။ ဗလီထဲမှာ ဝတ်ပြုတယ်ဆိုတာဟာ ကျ​နော်တို့ မူဆလင်တွေအတွက် ဘာသာရေးပွဲတွေ၊ လူမှုရေးလုပ်ငန်းတွေ၊ ပညာပေးအစီအစဉ်တွေကို ဆွေးနွေး ဆုံးဖြတ်ကြတဲ့ နေရာဖြစ်တယ်။ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်တွေပါ ရရှိနေပါတယ်” ဟု ဆိုသည်။

​ယခင် စစ်ကော်မရှင် အုပ်ချုပ်စဥ်ကာလအတွင်းမူ မူဆလင်ဒေသခံများသည် ဗလီဝတ်ကျောင်းတော်အတွင်း ဝတ်ပြုခွင့် ပိတ်ပင်ခံခဲ့ရသည်သာမက ၎င်းတို့၏ ဗလီများကိုလည်း ပိတ်ထားခဲ့ရကာ ဘာသာရေး ကိုးကွယ်မှု အခွင့်အရေးများ ဆုံးရှုံးခဲ့ရကြောင်း မောင်တောမြို့မှ ဒေသခံ မူဆလင် ရော်ဟိန်းက ထောက်ပြ ပြောဆိုသည်။

​”အရင် စစ်ကော်မရှင် အုပ်ချုပ်တုန်းက မူဆလင်လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းအရ ဗလီအတွင်း ဝတ်ပြုခွင့်တွေ မရခဲ့ဘူး။ ဗလီတွေကို ပိတ်ထားရတယ်။ ဘာသာရေးပွဲတွေ ကျင်းပဖို့အတွက်ဆိုရင် သူတို့ကို ကြောက်ရွံ့နေရတယ်။ အခု ကျ​နော်တို့ ကြောက်ရွံ့စရာမလိုပဲ လွတ်လပ်စွာ လုပ်ပိုင်ခွင့်​တွေ ရရှိနေပါပြီ” ဟု ဆိုသည်။

​၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများကြောင့် ၁၃ နှစ်ကြာ ပိတ်ထားခဲ့ရသည့် မောင်တောမြို့ရှိ” မြို့မဂျာမေဗလီကြီး “ကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ULA/AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကိုယ်တိုင် ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

​အာရက္ခတပ်တော်၏ အုပ်ချုပ်ရေးကာလအတွင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင် မြေပြင်အထိ ဆင်း၍ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခွင့်နှင့် ပြန်လည်မွမ်းမံခွင့်များကို ဆောင်ရွက်ပေးနေခြင်းသည် ရက္ခိုင် နှင့် မူဆလင် နှစ်ဖက်အသိုင်းအဝိုင်းအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်၍ လွတ်လပ်ပြီး တရားမျှတသည့် ရက္ခိုင်ပြည်ကို ထူထောင်မည်ဟူသော ULA/AA ၏ ရည်ရွယ်ချက်ကို ထင်ရှားစွာ မြင်တွေ့ရကြောင်း မူဆလင် ဘာသာရေး ခေါင်းဆောင်များက ဆိုသည်။

​လက်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မြို့နယ်များတွင် ရက္ခိုင် နှင့် မူဆလင် နှစ်ဖက်အသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှု ဆက်ဆံရေးများ ပိုမို တိုးတက်ကောင်းမွန်လာသည်ကို AB News က ကွင်းဆင်း တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ