Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ရွှေရင်အေးရွာကို စစ်ကောင်စီ-​ ဒေသခံစစ်သွေးကြွ ဘင်္ဂလီပူးပေါင်းတပ် မီးရှို့၊ နေအိမ် ၅၀ ထက်မနည်း မီးလောင်ကျွမ်းခဲ့ရ
မောင်တောမြို့နယ် ရွှေရင်အေးရွာ မီးလောင်နေသည်ကို တွေ့ရစဥ်/Arakan Bay News

AB News – မေ ၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ ရွှေရင်အေးရွာကို ယနေ့ နံနက် ၅နာရီခန့်အချိန်တွင် မြို့သူကြီး နခခ ၅မှ စစ်ကောင်စီ-ဒေသခံစစ်သွေးကြွ ဘင်္ဂလီပူးပေါင်းတပ်မှ မီးရှို့ခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များက ဆိုသည်။

“မြို့သူကြီး နခခ ၅က စစ်သားနဲ့ လက်နက်ကိုင် ဘင်္ဂလီ ၅၀ နီးပါး ရွာထဲဝင်ပြီး မီးရှို့ခဲ့တာပါ။ ရွာထဲကို လက်နက်ငယ်တွေ တရစပ် ပစ်ခတ်ပြီး ဝင်လာကြတာ။ ရွာထဲမှာ ရှိတဲ့ ရွာသားအချို့ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ရတယ်” ဟု ဆိုသည်။

မီးရှို့ဖျက်ဆီးမှုကြောင့် ရွှေရင်အေးရွာမှ နေအိမ် ၅၁ ခန့် မီးလောင်ကျွမ်းခဲ့ရသည်ဟု ရွှေရင်အေးရွာသား တစ်ဦးက ဆိုသည်။

“အခုသိရတာက နေအိမ် ၅၀ ကျော် မီးလောင်ကျွမ်းသွားတယ်လို့ သိရတယ်။ အခုလည်း မီး ဆက်လက်လောင်ကျွမ်းနေပါတယ်” ဟု ဆိုသည်။

ရွှေရင်အေးရွာသည် ၃မိုင်-အငူမော်လမ်းမအနီးတွင် တည်ရှိကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါရွာ၌ အိမ်ခြေ ၁၂၆ ဆောင်ရှိသည့်အနက် အိမ်ခြေ ၅၁ ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ-​ ဒေသခံစစ်သွေးကြွ ဘင်္ဂလီပူးပေါင်းတပ်တို့ ကျေးရွာအတွင်း မီးရှို့စဉ်အတွင်း ရွာသားများ ထိခိုက်သေဆုံးမှု ရှိ/မရှိကို AB News မှ ဆက်လက်စုံစမ်းလျက်ရှိသည်။

ပြီးခဲ့သည့် မေလ ၇ရက်နေ့က မောင်တောမြို့နယ်ရှိ ဝေသာလီကျေးရွာကို စစ်ကောင်စီအဖွဲ့နှင့် စစ်သွေးကြွ ဘင်္ဂလီများက ဝင်ရောက်ကာ လူနေအိမ် ၁၅ လုံးထက်မနည်း မီးရှိုဖျက်ဆီးခဲ့ပြီး အသက် ၃၅ နှစ် အရွယ် အမျိုးသမီး ၁ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၆ရက်နေ့တွင်လည်း ရွှေဗဟိုကျေးရွာအတွင်းသို့ စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ပြင်းထန်ဒက်ရာရရှိခဲ့ရသည်။

လက်ရှိအချိန်တွင် မောင်တောမြို့၊ မြို့သူကြီး နခခ ၅မှ စစ်ကောင်စီအဖွဲ့နှင့် စစ်သွေးကြွ ဘင်္ဂလီများသည့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို မီးရှို့ပြီး ရွာသားများကို သတ်ဖြတ်နေကြောင်း ဒေသခံများက ဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ