Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် မပေါက်ကွဲသေးသည့် ဗုံးသီးကို ကောက်ယူကစားခဲ့ရာမှ ဒေသခံမူဆလင် ကလေးငယ် ၂ဦး သေဆုံး

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် မပေါက်ကွဲဘဲ ကျန်ရှိနေသော ဗုံးသီးကို  မူဆလင်ကလေးငယ် ၂ဦး ကောက်ယူကစားခဲ့ရာ ပေါက်ကွဲပြီး ၎င်းတို့ ၂ဦးလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

မောင်တောမြို့နယ် ဝက်ကျိန်းတောင်ဘုရားတွင် စစ်ကောင်စီတပ် ဗန်ကာအား တွေ့ရစဥ်/ABN-Nyein Khine

သေဆုံးခဲ့သူများမှာ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာရွာမှ မောင်အပ်ဒူရော်ဟိမ်း ၆နှစ်နှင့် မဒေါ့လာဘီ့ ၇နှစ် တို့ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၂၁ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် မောင်တောမြို့နယ်၊ အဘူဂျာရွာမှ ကလေးငယ် ၂ဦးမှာ ဗုံးသီးပေါက်ကွဲပြီး သေဆုံးခဲ့သည်ဟု အဘူဂျာရွာသား ၁ဦးက AB News သို့ ပြောသည်။

“ကလေးတွေက ရွာအနားက လယ်ကွင်းတွေမှာ ဆော့ကစားလေ့ရှိကြပါတယ်။ အဲ့ဒီမှာ ကလေးတွေက ဗုံးသီးကိုတွေ့ပြီး ကောက်ယူကစားခဲ့တယ်လို့ သိရတယ်။ ဗုံးသီးပေါက်ပြီးတော့ ၂ဦး သေဆုံးခဲ့ပါတယ်” ဟု ဆိုသည်။

၎င်းကလေးငယ် ၂ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်တွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၃ရက်နေ့ နံနက် ၇ နာရီကျော်အချိန်က မောင်တောမြို့နယ်တွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်ကောင်စီပစ်လက်နက်ကြီးအား ဆော့ကစားရာမှ အဆိုပါလက်နက်ကြီး ပေါက်ကွဲပြီး တမန်းသားရွာမှ ကလေးငယ် ၇ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၆ရက်နေ့၊ နေ့လယ် ၂နာရီ ၂၆ မိနစ်အချိန်တွင် မင်းပြားမြို့နယ် င/တန်ပျင်းရွာမှ အမျိုးသား ၁ဦးသည် ကောက်ရလာသည့် စစ်ကျန်ဗုံးသီးအား သံတူဖြင့် ထုကြည့်မိရာ ပေါက်ကွဲပြီး ယင်းနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၎င်း၏ သမီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ