သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် တံတားနောက်တစ်စင်းကို စစ်ကောင်စီအဖွဲ့ မိုင်းခွဲဖျက်ဆီး

ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ၃မိုင်အနီးအရှိ ၃မိုင်-သီဟိုအေးတံတားကို ယနေ့ မေလ ၈ရက်၊ ၆နာရီခွဲအချိန်တွင် မြို့သူကြီး နခခ ၅မှ စစ်ကောင်စီတပ်သားများက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များက AB News သို့ ပြောဆိုသည်။

“သီဟိုအေး တံတားကို ဒီနေ့ ၆နာရီခွဲမှာ မိုင်းခွဲဖျက်ဆီးခဲ့တာပါ။ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ကြောင်းက လာရောက်ဖျက်ဆီးခဲ့တာပါ။ မိုင်းခွဲပြီးနောက် မြို့သူကြီးဘက်ကို ပြန်သွားကြတယ်” ဟု ဆိုသည်။

အဆိုပါ တံတားမှာ ၃မိုင်- ကြိမ်ချောင်းလမ်းတွင် တည်ရှိပြီး ဒေသခံပြည်သူသွားလာရေးအတွက် အရေးပါသည့် တံတားတစ်စင်းပင် ဖြစ်ကြောင်း ဆိုကြသည်။

မောင်တောမြို့၊ ၃မိုင် အနီးပတ်ဝန်းကျင်ရှိ မြို့သူကြီး နခခ ၅မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် ဘင်္ဂလီ မူဆလင်များသည် ပြည်သူများကို လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်နေပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ 

ယမန်နေ့ မေလ ၇ရက်နေ့တွင် မောင်တောမြို့ရှိ  ဝေသာလီရပ်ကွက်ကို စစ်ကောင်စီအဖွဲ့နှင့် စစ်သွေးကြွ ဘင်္ဂလီများ ဝင်ရောက်ကာ နေအိမ်များကို  မီးရှို့ခဲ့ပြီး လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် မိခင်ဖြစ်သူ သေဆုံးခဲ့ရကာ သားဖြစ်နှင့် သမီးဖြစ်သူလည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ရသည်။

ပြီးခဲ့သည့် မေလ ၆ရက်နေ့က ရွှေဗဟိုကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ပြင်းထန်ဒက်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

ထို့အတူ မေလ ၆ရက်၊ ညနေ ၉ နာရီကျော်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်ရှိ မောင်တောမြို့နယ်မှ လဘော်ဇားတံတားကို  စစ်ကောင်စီအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ