Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကောင်စီ၏ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ပြန်လွတ်

ရက္ခိုင်ပြည် မောင်တောမြို့ထဲတွင် စစ်ကောင်စီ၏ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ကာ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မြို့ခံသား တစ်ဦးက အတည်ပြုပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယမန်နေ့ ဧပြီလ ၂၃ ရက် ညနေ ၅ နာရီတွင် မောင်တောမြို့မဈေးအနီး ကွမ်းယာဆိုင်ရောင်းသည့် ကိုကျော်စိုးဝေကို ဖမ်းဆီးသွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညနေက ကွမ်းယာရောင်းနေတဲ့ အချိန်မှာလာဖမ်းသွားတာပါ။ ဒီနေ့မနက်က ပြန်လွတ်လာပါပြီ” ဟု ဆိုသည်။

တပ်ပြေး နယ်ခြားစောင့်ရဲတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်လိုက်ပစ်ပြီး ဖမ်းဆီးချိန်တွင် ကွမ်းယာဆိုင်ထိုင်ရောင်းနေသည့် ကိုကျော်စိုးဝေကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်သည့် မြိုပေါ်ရပ်ကွက်များတွင် သေနတ်များဖြင့် နေ့စဥ်ပစ်ခတ်နေမှုကြောင့် ပြည်သူများအသက် အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီက သေနတ်တွေနဲ့ နေ့တိုင်းပစ်နေတယ်။ သူတို့က လက်ညှိးကွေးလိုက်တာနဲ့ ကျည်ဆံက ဘယ်ကိုထိမယ်မှန်းမသိဘူး၊ အသက်အန္တရာယ်လည်း ရှိတယ်၊ ပြီးတော့ မောင်တောမှာက လက်နက်ကိုင် ARSA၊ ARA၊ RSO အဖွဲ့တွေလည်းရှိတော့ အရမ်းအန္တရာယ်များပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ရက္ခိုင်ပြည် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြိုများတွင် စစ်ကောင်စီနှင့် အပေါင်းပါ ARSA၊ ARA ၊ RSO နှင့် စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင်များ လက်နက်ပြ ခြိမ်းခြောက် အကြမ်းဖက်မှုများ ရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်ကြောက်လန့် နေကြရသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ