Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောခရိုင်မှ မူဆလင်များကို အကြမ်းဖက် စစ်ကောင်စီတပ်က ငွေကြေးယူပြီး လူကုန်ကူးနေ
May be an image of 6 people
ဓာတ်ပုံ-အာရက္ခတပ်တော်ထံ စစ်ဘေးရှောင်ရန် ရောက်ရှိလာကြသည့် ဘူးသီးတောင်မြို့နယ်မှ ဒေသခံမူဆလင်များအား တွေ့ရစဥ်/Arakan Army

ရက္ခိုင်ပြည် မြောက်ပိုင်း မောင်တောခရိုင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ဘင်္ဂလီမူဆလင် ၂၀၀၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီက တစ်ဦးလျှင် ၁၅ သိန်းကျပ်စီယူပြီး စစ်တွေသို့ လူကုန်ကူးနေကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ငွေကြေးတတ်နိုင်သည့် ဘင်္ဂလီမူဆလင်များအား စစ်သင်္ဘောများဖြင့် ယခုရက်ပိုင်းအတွင်း ပို့ဆောင်နေကြောင်း ဘူးသီးတောင်မြို့ခံ မူဆလင်တစ်ဦးက AB News သို့ ပြောသည်။

“ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ သူတို့ (စစ်ကောင်စီ) စစ်သင်္ဘောနဲ့လိုက်သွားကြပါတယ်။ တစ်ယောက်ကို ၁၀သိန်း ကနေ ၁၅ သိန်း၊ သိန်း ၂၀ ပေးရတယ်” ဟု ပြောသည်။

ထို့အပြင် ရက္ခိုင်မြောက်ပိုင်းမှ စစ်တွေထိ ရေကြောင်းလမ်း တောက်လျှောက်တွင်ရက်တိုသင်တန်းပေးထားသည့် မူဆလင်လက်နက်ကိုင် ၅၀၀ ကျော်အား ကင်းစောင့်ချထားကြောင်းလည်း အမည်မဖော်လိုသည့် ဒေသခံများက AB News သို့ပြောသည်။

စကစဖက်က သင်တန်းပေးထားတဲ့ မူဆလင် ၅၀၀ လောက်ကို၊ ၁၀ ယောက်တစ်စုစီ ကင်းချထားတာရှိပါတယ်။ အဓိကတော့ ဗေဒါရွာတို့လို မူဆလင်ရွာတွေမှာ ကင်းချထားလို့ရှိပါတယ်” ဟုဆိုသည်။

စစ်တွေသို့ ရောက်သွားသူများထဲမှ မူဆလင် ၅၀၀ ကျော်ကို စစ်ကောင်စီက ငွေကြေး အမြောက်အများယူပြီး ရန်ကုန်သို့ ယခု ရက်ပိုင်းအတွင်းက ပို့လိုက်ကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် မောင်တောမြို့တွင်းရှိ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ သို့ စစ်အင်အား၊ ရိက္ခာ၊ လောင်စာဆီများကို မေလ ၂၁ ရက်နေ့ ၂၃ ရက်နေ့ထိ အကြိမ်ကြိမ် ပို့ခဲ့ရာ၊ အပြန်တွင် ထိုသို့ မူဆလင်များအား ငွေကြေး မြောက်မြားစွာယူပြီး လူကုန်ကူးနေခြင်းဖြစ်ကြောင်း မောင်တော ဒေသခံများက AB News သို့အတည်ပြုပြောသည်။

စစ်ကောင်စီက နခခ ၅ ကို အင်အားဖြည့်နေတဲ့ စစ်သင်္ဘောတွေနဲ့ မူဆလင်တွေကို တင်ယူသွားတာပါ။ အဓမ္မလူစုခံရတာတွေပါတယ်လို့ သိရပါတယ်။ ARSA တို့လို မူဆလင်အဖွဲ့တွေက လူစုပေးတယ်။ အထူးသဖြင့် ပိုက်ဆံချမ်းသာတဲ့သူတွေကို လူစုပြီး ယူသွားတာပါ” ဟုပြောသည်။

အာရက္ခတပ်တော်ထံ စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်သွေးကြွ မူဆလင် ၅၀၀၀ ကျော်တို့အား လက်နက်တပ်ဆင်ပေးထားကာ နောက်ထပ် ပဋိပက္ခသစ်တစ်ခု ဖန်တီးရန် လုပ်ဆောင်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ဒေသခံမူဆလင် ၂ သိန်းဝန်းကျင်တို့သည် အာရက္ခတပ်တော် AA ထိမ်းချုပ်ရာဒေသများတွင် စစ်ဘေးရှောင်လျက်ရှိပြီး ၎င်းတို့၏ ရေရှည်စားဝတ်နေရေးအတွက် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း AA က ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ