သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုင်းငေါ့မြို့ကို စစ်ကော်မရှင် ဗုံးကြဲ၊ ၂ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ

AB News – အောက်တိုဘာ ၂၁၊၂၀၂၅
နွယ်စိုး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့ကို စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၂ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကော်မရှင်သည် ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်၊ ည ၈နာရီ ၃၀ မိနစ်တွင် မိုင်းငေါ့မြို့မဈေးအနီးသို့ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ဆိုသည်။

စစ်ကော်မရှင် ကြဲချခဲ့သော ပေါင် ၂၅၀ ဗုံး ၂ လုံးသည် မိုင်းငေါ့မြို့ဈေးအနီးအနားရှိ နေအိမ်များနှင့် ဈေးဆိုင်များပေါ်သို့ ကျရောက်ခဲ့သဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒ ဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း စစ်ကော်မရှင်သည် နမ့်ဆန်၊မန်တုံ၊မိုင်းငေါ့နှင့် မိုးကုတ်မြို့နယ်တို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၂ ဦးသေဆုံးခဲ့သည်။

စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းအတွင်း TNLA ထိန်းချုပ်ရာ နယ်မြေအချို့ကို အောက်တိုဘာလ ၁ ရက်နေ့မှစပြီး အောက်တိုဘာလ ၁၈ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုမှာ မန်တုံမြို့တွင် ၁ ကြိမ်၊ ကျောက်မဲမြို့တွင် ၃ ကြိမ်၊ သီပေါမြို့တွင် ၅ ကြိမ်၊မိုင်းငေါ့မြို့တွင် ၁ ကြိမ်၊ မိုင်းလုံ မြို့တွင် ၄ကြိမ်၊ နမ့်ဆန်မြို့တွင် ၅ကြိမ်၊ နမ္မတူမြို့တွင် ၅ကြိမ်၊မိုးမိတ်မြို့တွင် ၃ကြိမ်နှင့် မိုးကုတ်မြို့တွင် ၁ကြိမ်တို့အပါအဝင် စုစုပေါင်း ၂၈ ကြိမ်အထိ ပြုလုပ်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါး၊ ကလေး ၈ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၉ ဦးသေဆုံးခဲ့ပြီး ကလေး ၁၁ ဦး၊ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၃၈ အိမ်၊ စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ စာသင်ကျောင်းဆောင် ၇ ဆောင်နှင့် အဆောက်အဦး ၄ ခုတို့ ထိမှန်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ