သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မတ္တရာမြို့နယ်ကို တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

AB News – အောက်တိုဘာ ၃၁ ၊ ၂၀၂၅
ဆိုဖီ

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ တံငါရွာအား စစ်ကော်မရှင်က တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းတွင် ဂျက်ဖိုက်တာ ၂ စီး မှ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ ပထမ တစ်စီး က ၂ ကြိမ်၊ ဒုတိယ တစ်စီးက ၃ ကြိမ်ဖြင့် စုစုပေါင်း ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုခိုက်သေဆုံးမှု အသေးစိတ် အချက်အလက် အသေးစိတ်များကိုမူ မသိရသေးပေ။

အလားတူ မတ္တရာမြို့နယ် မြောက်ခြမ်းရှိ တံငါတောင်ရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်မကော်မရှင်မှ အောက်တိုဘာ ၂၉ ရက်အတွင်း အနီးအနားရှိ ရွာငယ်များအား ယမ်းသန်းပစ်ခတ်မှုများပြုလုပ်ခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်မကော်မရှင်မှ မြန်မာနိုင်ငံ အနှံ့ လေကြောင်း တိုက်ခိုက်မှု ၁၈၇ ကြိမ် ပြုလုပ်ထားပြီး ၁၅၈ ဦး သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

မန္တလေး #မတ္တရာမြို့နယ် #AirStrike

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ