ရက္ခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီအဖွဲ့က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် ဈေးဟောင်းပိုင်း၊ ဥက္ကာပျံ၊ သပြေညိုရပ်ကွက်နှင့် အိမ်ရှေ့မင်းရွာမှ မြို့ခံ ၁၀ဦးထက်မနည်း ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက အတည်ပြုပြောဆိုသည်။
ဒဏ်ရာရရှိခဲ့သူများမှာ မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်မှ ဒေါ်လှလှအေး ၅၅ နှစ်၊ ဥက္ကာပျံရပ်ကွက်မှ ဦးသိန်းထွန်း ၃၂ နှစ်နှင့် သပြေညိုရပ်ကွက်မှ ဒေါ်သိန်းနုခိုင် ၅၃ နှစ်၊ ဒေါ်စန္ဒာဝင်း ၂၇ နှစ်၊ မသန်းဦးနွယ် ၁၉ နှစ်၊ ဒေါ်သန်းသန်းနု ၃၈ နှစ်၊ ဒေါ်လှညွန့်ကြည် ၅၃ နှစ်၊ဦးမောင်ထွန်းသိန်း ၅၆ နှစ်တို့ဖြစ်ကြောင်း သိရသည်။
ဒေါ်သန်းသန်းနု အသက် ၃၈ နှစ်၊ မင်းပြားမြို့၊ သပြေညိုရပ်ကွက် မသန်းနွယ်ဦး အသက် ၁၉ နှစ်၊ မင်းပြားမြို့၊ သပြေညိုရပ်ကွက် မစန္ဒာဝင်း အသက် ၂၇၊ မင်းပြားမြို့၊ သပြေညိုရပ်ကွက် ဦးအမောင်ချေ အသက် ၅၇ နှစ်၊ မင်းပြားမြို့နယ် ချောင်းရှည်ရွာ ဦးအမောင်ချေ အသက် ၅၇ နှစ်၊ မင်းပြားမြို့နယ် ချောင်းရှည်ရွာ မောင်သန်းမောင်စိုး အသက် ၁၅ နှစ်၊ မင်းပြားမြို့၊ ချောင်းရှည်ကျေးရွာ မောင်သန်းမောင်စိုး အသက် ၁၅ နှစ်၊ မင်းပြားမြို့၊ ချောင်းရှည်ကျေးရွာ ဦးသိန်းထွန်း အသက် ၃၅နှစ်၊ မင်းပြားမြို့ ဥက္ကံပျံရပ်ကွက် ဦးသိန်းထွန်း အသက် ၃၅နှစ်၊ မင်းပြားမြို့ ဥက္ကံပျံရပ်ကွက် ဒေါ်လှလှအေး၊ အသက် ၅၆ နှစ်၊ မင်းပြားမြို့ ဈီးဟောင်းပိုင်း ဒေါ်လှလှအေး၊ အသက် ၅၆ နှစ်၊ မင်းပြားမြို့ ဈီးဟောင်းပိုင်း ဒေါ်သိန်းနုခိုင်၊ အသက် ၅၃ နှစ်၊ မင်းပြားမြို့၊ သပြေညိုရပ်ကွက် ဒေါ်လှညွန့်ကြည်၊ အသက် ၅၃ နှစ်၊ မင်းပြားမြို့၊ သပြေညိုရပ်ကွက် ဦးမောင်ထွန်းသိမ်း အသက် ၅၆နှစ်၊ မင်းပြားမြို့၊ သပြေညိရပ်ကွက်
ထို့အပြင် မင်းပြားမြို့နယ် အိမ်ရှိမင်းရွာမှ ဦးမောင်ရွှေ ၅၁ နှစ်နှင့် မောင်သန်းမောင်စိုး ၁၅ နှစ် တို့မှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေပိုင်းအချိန်မှ ယနေ့ နံနက်ပိုင်းအချိန်အထိ မင်းပြားမြို့ရှိ ရပ်ကွက် ၃ ခုနှင့် ကျေးရွာ ၁ရွာ တို့ကို စစ်ကောင်စီအဖွဲ့က တိုက်လေယာဉ်များဖြင့် ၅ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံ ၁ဦးက AB News သို့ ပြောသည်။
“ဒီနေ့ မနက်အချိန်မှာ ဗုံး ၂ကြိမ် လာကြဲသွားတယ်။ မနက် ၁နာရီကျော်အချိန်မှာ တစ်ခေါက် လာကြဲခဲ့တယ်။ မြို့ထဲက ဥက္ကာပျံ၊ ဈေးဟောင်းပိုင်း၊ သပြေညိုရပ်ကွက်တွေကို တိုက်ခိုက်ခဲ့တာပါ။ မနေ့ ညနေပိုင်းမှညတော့ အိမ်ရှေ့မင်းရွာကို ဗုံးကြဲခဲ့တာရှိပါတယ်။ ဗုံးကြဲခံရမှုအတွင်း မြို့ခံ ၁၀ ကျော် ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။
ထို့အပြင်မင်းပြားမြို့ထဲရှိ စည်ပင်သာယာရေးရုံးအဆောက်အအုံး ဗုံးထိမှန်၍ လုံးဝပြိုကျသွားခဲ့ပြီး လူနေအိမ်အချို့လည်း မီးလောင်ကျွမ်းသွားခဲ့သည်။



စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ခံပြည်သူများနှင့် ဒေသခံအရပ်သားများမှာ စစ်ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးနေကြရသည်။
မင်းပြားမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၈၀ ကို ဇန်နဝါရီလ ၂၈ ရက်တွင် သိမ်းပိုက်ခဲ့ပြီ ခမရ ၃၇၉ နှင့် ၅၄၁ တပ်ရင်းတို့ကို AA တပ်ဖွဲ့ဝင်များက ဆက်လက်တိုက်ခိုက်ခဲ့ရာ နောက်ထပ် ၉ ရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ပြီး မင်းပြားမြို့ကို ဖေဖော်ဝါရီ ၆ ရက်တွင် အလုံးစုံသိမ်းပိုက်ခဲ့သည်။
စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ရက္ခိုင်ဒေသရှိ မြို့နယ် ၉မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ သေကြေပျက်စီးနေကြရသည်။