သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင် တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး

ရက္ခိုင်ပြည်၊ ဘူးသီးတောင်တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ယနေ့ မေလ ၆ ရက် ညနေ ၃ နာရီ ၄၂ မိနစ်အချိန်တွင် တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက Arakan Bay News သို့ပြောသည်။

” ဒီနေ့ ၃ နာရီကျော်မှာ မိုင်းပေါက်သံတစ်ချက်အကျယ်ကြီးကြားလိုက်ရတယ်။ အပြင်ထွက်ကြည့်တော့ တံတားကိုမိုင်းခွဲထားတာတွေ့ရတယ်။ ကျိုးကျသွားပြီ ” ဟုဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် ဘူးသီးတောင်ဖက်ခြမ်းမှ မိုင်းခွဲဖျက်ဆီးထားသည်ကို ရုပ်သံတွင်တွေ့ရသည်။

ရက္ခိုင့်တပ်တော်က ဘူးသီးတောင် မြို့ထဲသို့ တိုက်ခိုက်လာမည်ကို စိုးရိမ်ပြီး စစ်ကောင်စီအဖွဲ့က မိုင်းခွဲဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ၎င်းမှ ဆက်ပြောသည်။

” AA မြို့ထဲကို ဝင်တိုက်မှာကြောက်လို့ တံတားကိုမိုင်းခွဲတာလို့ထင်ပါတယ်။ မြို့ထဲမှာလည်း လုံခြုံရေးအပြည့်ယူထားတယ် ” ဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့၊ ညည့် ၁၁ နာရီခန့်အချိန်တွင်လည်း ဘူးသီးတောင်မြို့နယ်ရှိ ဂုံးနားရွာနှင့် ဆင်အိုးပြင်ရွာကြား အများပြည်သူသွားလာသည့် တံတားကို စစ်ကောင်စီတပ်သားများက လာရောက်ပြီး  မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း တွေ့ရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ အများ​ပြည်သူသုံးတံတား ၂ စင်းကိုမိုင်းခွဲဖျက်ဆီးထားပြီးဖြစ်သည်။

လက်ရှိတွင် ဘူးသီးတောင်မြို့အနီးပတ်ဝန်းကျင်၌ အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ