Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့ထဲရှိ ရက္ခိုင်နေအိမ်များနှင့် MSF ရုံးကို စစ်ကောင်စီအဖွဲ့နှင့် အစွမ်းရောက်မူဆလင်များက မီးရှို့ဖျက်ဆီး

(WFP ၏ ရိက္ခာဂိုဒေါင်ကိုလည်း စစ်ကောင်စီက ဖောက်ထွင်း)

ဘူးသီတောင်မြို့ထဲတွင်ရှိသည့် နယ်စည်းမခြား ဆရာဝန်များအသင်းရုံး (MSF) နှင့် ဒေသခံ ရက္ခိုင်နေအိမ်များအား အကြမ်းဖက် စစ်ကောင်စီအဖွဲ့နှင့် အစွမ်းရောက် မူဆလင်များ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

နယ်စည်းမခြားဆရာဝန်များအသင်းရုံးကို ဧပြီလ ၁၅ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း MSF ကထုတ်ပြန်ထားသည်။

MSF ရုံးတွင် ဝန်ထမ်းများ ရှိမနေသည့်အတွက် လူထိခိုက် သေဆုံးမှု မရှိခဲ့‌သော်လည်း ရုံးခန်းတွင်း သိုလှောင်ထားသည့် ဆေးများနှင့် တခြား ဆေးဖက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ရုံးနှင့်အတူ မီးလောင်ကျွမ်းသွားကြောင်း MSF က ထုတ်ပြန်ထားသည်။

 ထုတ်ပြန်ချက်တွင် “ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဆေးပစ္စည်းနှင့် ရုံးသုံးပစ္စည်းများ အားလုံး ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ၎င်းတို့မှာ ပဋိဇီဝဆေးများကဲ့သို့သော အသက်ကယ်ဆေးများ၊ အဆုတ်ရောင်ရောဂါကဲ့သို့သော ရောဂါများကို ကုသရာတွင် အဓိကပါဝင်သည့် ဆေးများဖြစ်ပြီး  အသက်ငါးနှစ်အောက်ကလေးများကို အဓိကထိခိုက်စေပါသည်။” ဟု ထုတ်ပြန်ထားသည်။

The burnt remains inside the MSF office in Buthidaung following increased conflict in the area. Rakhine state, Myanmar, 15 April 2024. (MSF)

ထို့အပြင် ဘူးသီးတောင်မြို့ထဲရှိ ဒေသခံ ရက္ခိုင်များ၏ နေအိမ်များ အားလုံးကိုလည်း ယမန်နေ့ ဧပြီ ၁၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီအဖွဲ့နှင့် အစွမ်းရောက် မူဆလင်များ မီးရှို့လိုက်ကြောင်း ခိုင်လုံသတင်းရင်းမြစ်က အတည်ပြုပြောသည်။

“နေအိမ် အတိအကျကိုတော့ မသိရသေးပါဘူး။ ၂၀၀ ကျော်မယ်လို့ ခန့်မှန်းရပါတယ်။ စစ်ကောင်စီအဖွဲ့နဲ့ မူဆလင်တွေက မီးရှို့ကြတာပါ။ အကုန်လုံး ရက္ခိုင်အိမ်တွေပါ။ ရက္ခိုင်အိမ်အနီးရှိတဲ့ မူဆလင် အိမ်တွေကို မီးကူးလာရင် မီးငြိမ်းဖို့ စစ်ကောင်စီက မီးသတ်ကားတွေ အဆင်သင့် အစောင့်ချထားပြီးတော့ကို လုပ်ကြတာပါ” ဟု ပြောသည်။

ရက္ခိုင်နေအိမ်များအား မီးရှို့စဥ် ဓာတ်ဆီများအား စစ်ကောင်စီအဖွဲ့က ထုတ်ပေးခဲ့သည့်အပြင် ရက္ခိုင်နေအိမ် တစ်ခုချင်းစီကိုလည်း ဆေးရောင်သုတ် အမှတ်အသား လုပ်ထားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘူးသီးတောင်မြို့တွင်းရှိ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့  (WFP) ၏ ရိက္ခာသိုလှောင်ထားသည့် ဂိုဒေါင်များကိုလည်း စစ်ကောင်စီက ဖောက်ထွင်းကာ အစွမ်းရောက် မူဆလင်များအား ပေးပြီး ရက္ခိုင်အိမ်များအား မီးရှို့ခိုင်းစေခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မူဆလင် တစ်ဦးက ပြောသည်။

၎င်းအပြင် ဘူးသီးတောင် မြို့ထဲရှိ ဟိန္ဒူဘာသာဝင် ၁၆၀၀ နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ တို့အား အစွမ်းရောက် အစ္စလာမ်အဖွဲ့များက ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း Indian Express သတင်းစာတွင် ယမန်နေ့ ဧပြီ ၁၅ ရက်နေ့က ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ