Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှ မူဆလင်များကို  စစ်ကောင်စီက စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား (Cox’s Bazar) တွင်ရှိသည့် IDP စခန်းများမှ မူဆလင်များကို အကြမ်းဖက် စစ်ကောင်စီက ခေါ်ယူပြီး မောင်တောမြို့တွင် ရက်တိုစစ်သင်တန်းပေးကာ လက်နက်များ တပ်ဆင်ပေးလျက်ရှိသည်ကို သိရသည်။

စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မူဆလင်လူငယ်များကို စက်လှေဖြင့် တင်ဆောင်ကာ မောင်တောမြို့ မြိုသူကြီးရပ်ကွက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၅ တွင် စစ်သင်တန်းပေးနေကြောင်း မောင်တောဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ မူဆလင်တွေကို စစ်ကောင်စီက စက်လှေနဲ့ခေါ်လာတယ်။ မောင်တောမြို့ နခခ ၅ မှာ စစ်သင်တန်းတက်ခိုင်းတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးတယ်။ သင်တန်းဆင်းသွားတဲ့သူတွေရှိနေပြီ” ဟု ဆိုသည်။

စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် IDP စခန်းများမှ မူဆလင်များကို ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ အာလီရွာမြစ်ကမ်းဖက်မှ မောင်တောဖက်ကမ်းသို့ စက်လှေဖြင့် ခေါ်ယူလာခဲ့ကြောင်း ခိုင်လုံးသတင်းရင်းမြစ်များအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong IDP စခန်းမှ အမည်မဖော်လိုသည့် မူဆလင် ၁ ဦးပြောကြားချက်အရ စစ်ကောင်စီက ပေးသည့် စစ်သင်တန်းနှင့် လက်နက်များကို ရယူရန် IDP Camp များမှ မူဆလင်လူငယ် ၁၀၀၀ ခန့်  နယ်စပ်ဖြတ်ကျော်ကာ မောင်တောသို့ သွားကြကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီတွင်  ကော့ဇ်ဘဇား- Teknafဒေသအဝေးပြေးလမ်းမ Whai Khyang ဂိတ်တွင် Teknaf-Cox’s Bazar-bound ခရီးသည်တင်ကားအား ဘင်္ဂလားဒေ့ရှ် ရဲများကစစ်ဆေးခဲ့ရာ စစ်ကောင်စီက စစ်သင်တန်း လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လူငယ် ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများတွင် ဖော်ပြကြသည်။  

စစ်ဆေးချက်အရ ဖမ်းဆီးရမိသည့် မူဆလင်လူငယ် ၂ ဦးထံမှ အကြမ်းဖက်စစ်ကောင်စီသုံး ရိုင်ဖယ်သေနတ် ကျည်ဆံ  ၁၇ တောင့်တွေ့ရှိခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်သည့် Rising BD ၏ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ် Cox’s Bazar, Kutupalong မူဆလင်ဒုက္ခသည်စခန်းမှ အဖ အစ္စလာမ်၏သား အသက် ၁၉ နှစ်အရွယ် Kefayet UIIah နှင့် Bhasan Char မူဆလင်ဒုက္ခသည်စခန်းမှ အဖ Abdus Salam ၏သား အသက် ၁၈ နှစ်အရွယ် Anwar Mostafa တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်ကောင်စီ၏ အကူအညီဖြင့် မောင်တောမြို့သိုသွားရောက်ကာ စစ်ကောင်စီထံ စစ်သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။

၁ ပတ်ကြာ စစ်သင်တန်းတက်ရောက်ပြီးနောက် အပူရှိန်လွန်ကဲခြင်းနှင့် စားနပ်ရိက္ခာပြတ်လပ်ခြင်းများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း Rising BD ကဖော်ပြထားသည်။

စစ်သင်တန်းအတွင်း စစ်ကောင်စီက G3 ရိုင်ဖယ်သေနတ်အမျိုးအစားဖြင့် သင်တန်းပေးပြီးကြောင်း ၎င်းဖမ်းဆီးခံခဲ့ရသည့် မူဆလင်များက ထွက်ဆိုထားသည်ကိုတွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကျောက်ဖြူမြို ကျောက်တလုံးမှုဆလင် ဒုက္ခသည်စခန်းမှ မူဆလင် ၁၀၀ ကျော်နှင့်  စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော တို့မှ စုစုပေါင်း မူဆလင် ၃၀ဝ ကျော်ကိုလည်း စစ်သင်တန်းပေးကာ လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စစ်သင်တန်းဆင်းပြီးသော အကြမ်းဖက်မူဆလင်များသည် ရသေ့တောင် စစ်မျက်နှာပြင်သို့ ပထမဆုံးစေလွှတ်ခြင်းခံရကာ တိုက်ပွဲအတွင်း သေဆုံးခဲ့သွားသည့် အလောင်းများ တွေ့ရကြောင်း ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က AA ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင်စစ်ကောင်စီသည် ARSA၊ ARA၊ RSO အဖွဲ့များနှင့် အပေါင်းပါ မူဆလင်အကြမ်းဖက် အုပ်စုများကို လက်နက်တပ်ဆင်ပေးပြီး ဘူးသီးတောင်မြိုရှိနေအိမ်များကို ဧပြီလ ၁၅ ရက် ၁၆ ရက်နေများတွင် မီးရှိဖျက်ဆီးခဲ့သည်ကို တွေ့ရသည်။

ဘူးသီးတောင်မြို့ထဲရှိ နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) ၏ ရုံးနှင့် ဆေးဂိုဒေါင်ကိုလည်း အကြမ်းဖက် စစ်ကောင်စီနှင့် အပေါင်းပါ မူဆလင်လက်နက်ကိုင်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်။ MSF ကမူ မည်သည့်အဖွဲ့က ကျူးလွန်ကြောင်း ထုတ်ဖော််ထားခြင်းမရှိပေ။

အကြမ်းဖက် စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂ဝ၊ ၂၁ ရက်များတွင်လည်း သက္ကေပြင်၊ ဘာဆာ၊ ဒါးပိုင်၊ သဲချောင်း နှင့် ဘုမေရွာများမှ မူဆလင်အမျိုးသား ၅၀၀ ခန့်ကို စစ်သင်တန်းပေးရန် ခေါ်ဆောင်သွားခဲ့ကြောင်းလည်း ခိုင်လုံသတင်းရင်းမြစ်များ ပြောပြချက်အရ သိရသည်။

လက်ရှိတွင်လည်း အကြမ်းဖက် စစ်ကောင်စီသည် မူဆလင်များအား ကျောထောက်နောက်ခံပေးပြီး ” AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ” စသည်ဖြင့်  ဆန္ဒပြခိုင်းမှုများရှိသည်ကိုလည်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ