AB News – နိုဝင်ဘာ ၉၊ ၂၀၂၅
အာရက္ခတပ်တော်၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ၄၇ နှစ်ပြည့် မွေးနေ့တွင် ပြစ်ဒဏ်ကျ၊ ထိန်းသိမ်းခံ မူဆလင် ၈၂ ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်၊ ညနေ ၃ နာရီခန့်အချိန်တွင် လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် တိုက်ပွဲကာလအတွင်း အာဏာသိမ်း စစ်ကော်မရှင်တပ်အပါအဝင် ARSA၊ RSO အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သတ်ဆက်နွယ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် မူဆလင်များအနက် ပြစ်ဒဏ်နည်းပါးသည့် မူဆလင်များ၊ သက်ကြီးပိုင်း မူဆလင်များနှင့် အာရက္ခတပ်တော်ထံ လက်နက်ချ အလင်းဝင်လာသော စစ်ကော်မရှင် ပြည်သူ့စစ် မူဆလင် ပါဝင်ကြောင်း သိရှိရသည်။
လွတ်ငြိမ်းခွင့်ရ မူဆလင် ၈၂ ဦးအား ခရိုင်မူဆလင်ရေးရာ ကောင်စီဝင်များ၊ ခရိုင်အဆင့်ဂျူရီအဖွဲ့ဝင်များ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ခံဝန်ကတိလက်မှတ်ထိုး၍ သူတို့၏ မိသားစုဝင်များထံသို့ ပြန်လွှတ်ပေးခဲ့ကြောင်း ခရိုင်အဆင့်ဂျူရီအဖွဲ့ဝင်များက ဆိုကြသည်။
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘူးသီးတောင်၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း မူဆလင်လူငယ်များသည် စစ်ကော်မရှင်အပါအဝင် ARSA၊ RSO အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း၍ အာရက္ခတပ်တော်ကို တိုက်ခိုက်ခဲ့ပြီး အဆိုပါ မြို့များအတွင်း အကြမ်းဖက်မှုမျိုးစုံကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် မူဆလင်လက်နက်ကိုင်များ ကျူးလွန်ခဲ့ကြသည်။
ပုံစာ – ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တောတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ပြစ်ဒဏ်ကျ မူဆလင် ၈၂ ဦးအား အာရက္ခတပ်တော်က လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးနေခြင်းအား မြင်တွေ့ရခြင်း။(ဓာတ်ပုံ/APM)


