သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗန်းမောက်မြို့နယ်တွင် စစ်ဘေးရှောင်မသန်စွမ်း အမျိုးသမီးတစ်ဦးအား ရှမ်းနီတပ်(SNA)မှ တပ်သားတစ်ဦး အဓမ္မပြုကျင့်

AB News – နိုဝင်ဘာ ၄ ၊ ၂၀၂၅
ငုဝါ

စစ်ကော်မရှင်တပ်နှင့် ရှမ်းနီတပ်(SNA) ပူးတွဲထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ အလယ်ရွာမှ ကိုယ်လက်အင်္ဂါမသန်စွမ်းအမျိုးသမီးတစ်ဦးကို SNA မှ တပ်သားတစ်ဦး အဓ္ဓမပြုကျင့်ခဲ့ကြောင်း ဒေသခံများမှတဆင့်သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့၊ ည ၉ နာရီအချိန်၌ သီလရှင်ကျောင်းတွင် မိခင်နှင့်အတူရှိနေသော ထိုအမျိုးသမီးကို အသက် ၃၀ အရွယ် SNA တပ်သားနှစ်ဦးက လက်နက်များဖြင့် ခြိမ်းခြောက်၍ ခေါ်ဆောင်ခဲ့ကြောင်း နစ်နာသူနှင့် ဆွေမျိုးတော်စပ်သူများက ဆိုသည်။

အဓ္ဓမပြုကျင့်သူမှာ ဖမ်းဆီးခေါ်ဆောင်သွားသော တပ်သားနှစ်ဦးမှ တစ်ဦးဖြစ်ပြီး မျက်လုံးကို အဝတ်ဖြင့် စည်း၊ လက်ကိုကြိုးဖြင့်တုပ်ကာ ဦးကျော်ဝင်း၏ နေအိမ်တွင် အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်း သိရသည်။

ထိုမသန်စွမ်းအမျိုးသမီးမှာ ကတူးလူမျိုးဖြစ်ပြီး လက်ရှိတွင်ဆေးကုသမှုများခံယူနေရကြကြောင်း သိရသည်။

SNA မှ အရပ်ဘက်ဆံဆက်ရေးတာဝန်ခံက ထိုဖြစ်စဥ်အား စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေပြီး၊ ၎င်းတို့တပ်သားဆိုလျှင် အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၊ စကမ တပ်သားများဆိုလျှင် အရေးယူမှုများကိူလုပ်ဆောင်၍မရကြောင်း ၎င်းကပြောသည်။

ဗန်းမောက်မြို့သည် စကမ နှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းတပ်များ၏ တကြော့ပြန်ထိုးစစ်များကြောင့် ဒေသခံတော်လှန်ရေးတပ်များ မြို့အနောက်ဘက်မှ အလယ်ရွာအထိ လက်လွှတ်ခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ