သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များခေါ်ယူ၍ ဌာန တိုးချဲ့ဖွဲ့စည်းသွားမည်ဟု AA ထုတ်ပြန်
Department of Law Enforcement and Public Security (DLEPS)” of Arakan Army

AB News – စက်တင်ဘာ ၁၄ ၊ ၂၀၂၄

ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များခေါ်ယူ၍ ဌာနကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု AA က ယနေ့စက်တင်ဘာ ၁၃ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် “အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် Department of Law Enforcement and Public Security (DLEPS) ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနကို ဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကိုတိုးချဲ့ဖွဲ့စည်းသွားမည် ” ဖြစ်ကြောင်းရေးသားထားသည်။

ထို့အပြင် ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရသော အနေအထားမျိုး ရရှိလာစေရန်အတွက်ကိုလည်း ယခုထက်ပိုမို အားစိုက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်ကိုတွ့ရသည်။

ရက္ခိုင်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ယနေ့ထိ ပေါက်တော ၊ မြောက်ဦး ၊ ကျောက်တော် ၊ မင်းပြား ၊ မြေပုံ ၊ ရမ်းဗြဲ ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ ဘူးသီးတောင် ၊ သံတွဲ နှင့် ပလက်ဝ ဒေသတို့ကို AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့်မြို့နယ်များအားလုံးကိုလည်း စစ်ကောင်စီကင်းစင်နယ်မြေဖြစ်အောင် သိမ်းပိုက်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။

တိုက်ပွဲရှောင်နေစဥ်ကာလအတွင်း သိမ်းထား၊ ဝှက်ထားခဲ့သည့် ပစ္စည်းများ ပျောက်ဆုံးပါက အာရက္ခပြည်သူ့အစိုးရ၏ နီးစပ်ရာ နယ်မြေ ဒေသအုပ်ချုပ်ရေးမှူးများထံတွင် တိုင်ကြားနိုင်ကြောင်းလည်း AA ကထုတ်ပြန်အသိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။