သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်သူများ၏ မျှော်လင့်ချက်နှင့် ဆန္ဒများ ပြည့်ဝစေရန် ရုန်းကန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြော

AB News – နိုဝင်ဘာ ၈၊ ၂၀၂၅
ဒေဝီ

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ရခိုင်ပြည်သူများ၏ မျှော်လင့်ချက်နှင့် ဆန္ဒများကို အမြန်ဆုံး ပြည့်ဝအောင် ရုန်းကန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏ ၄၇နှစ်ပြည့် မွေးနေ့ဆုတောင်းပေးသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအတွက် ပြန်လည်ဆုတောင်းမေတ္တာပို့ ကျေးဇူးတင်လွှာတွင် ရေးသားဖောပြထားသည်ကို တွေ့ရှိရသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၎င်း၏ ၄၇ နှစ်မြောက် မွေးနေ့ (နိုဝင်ဘာ ၇)က ဆုတောင်းပေးခဲ့သူများအား ပြန်လည်ကျေးဇူးတင်စကား ပြောကြားရာတွင် “ပြည်သူတွေ၊ ရဲဘော်ရဲဘက်တွေနဲ့ မိတ်ဆွေတွေ အားလုံး ကျန်းမာ၊ လုံခြုံ၊ အေးချမ်းစွာ ရှိကြပါစေ။ ပြည်သူများ၏ မျှော်လင့်ချက်နဲ့ ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝအောင် ရုန်းကန် တိုက်ပွဲဝင်သွားမယ်”ဟု မေတ္တာပို့စကားဖြင့် ပြောကြားခဲ့သည်။

ထို့အပြင် မွေးနေ့အတွက် ဂုဏ်ပြုမေတ္တာပို့ခဲ့သော အဖွဲ့အစည်းအသီးသီး၊ မဟာမိတ်များ၊ ရဲဘော်ရဲဘက်များနှင့် မိတ်ဆွေများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်းလည်း ဗိုလ်ချုပ်က ပြောဆိုခဲ့သည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်သည် ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်၌ မွေးဖွားခဲ့သူဖြစ်ပြီး၊၂၀၀၉ ခုနှစ်တွင် လူ ၂၆ ဦး နှင့်အတူ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် အာရက္ခတပ်တော်ကို တည်ထောင်ခဲ့သူ ဖြစ်သည်။

လက်ရှိ ၂၀၂၅ခုနှစ် အချိန်တွင် AA သည် ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ မြို့နယ်ထဲမှ ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး ကျန် ၃ မြို့နယ်ကို သိမ်းပိုက်နိုင်ရေး တိုက်ပွဲဆက်လက်ဆင်နွှဲနေသည်။

အာရက္ခတပ်တော်၏ တော်လှန်ရေး သက်တမ်းမှာ ၁၆ နှစ်အထိရှိခဲ့ပြီဖြစ်ပြီး စစ်ကော်မရှင်နှင့် တကျော့ပြန်တိုက်ပွဲများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ခဲ့ပြီး ၂ နှစ်နီးပါးထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ