သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်မြို့နယ်ကို စစ်ကော်မရှင် ဗုံးကြဲမှုကြောင့် ကလေးငယ် အပါအဝင် ၅ ဦး ဒဏ်ရာရ

​AB News – နိုဝင်ဘာ ၂၊ ၂၀၂၅
ဆိုဖီ

​မကွေးတိုင်း၊ ပေါက်မြို့နယ် လက်ဘဲ့ရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယ​နေ့ ​နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၈ နာရီ ၆ မိနစ်ခန့်တွင် ပေါက်မြို့နယ်၏ အရှေ့မြောက်ဘက်ရှိ လက်ဘဲ့ရွာကို စစ်ကော်မရှင် တိုက်လေယာဉ် ၁ စီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၅၀ ကျော် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

​ဒဏ်ရာရရှိသူများမှာ လက်ဘဲ့ရွာအနီးရှိ စစ်ရှောင်ယာယီတဲတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အားလုံးကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

​ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ပေါက်မြို့နယ်၏ အနောက်ဘက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ် ၁ စီးဖြင့် ဗုံး ၅၉ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ