
AB News – နိုဝင်ဘာ ၈ ၊ ၂၀၂၅
ဆိုဖီ
ရက္ခိုင်ပြည် ၊ ပေါက်တော မြို့ကိုလည်း အကြမ်းဖက် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနဦးသိရသည်။
ယနေ့ နိုဝင်ဘာ ၈ ရက် နေ့လယ် ၂ နာရီ အချိန်ခန့်တွင် စစ်ကော်မရှင်က ဂျက်တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး အပါအဝင် စစ်သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပေါက်တောမြို့အထက်တန်းကျောင်းနှင့် အနီးအနားရှိ နေရာများတွင် ကျရောက်ပေါက်ကွဲခဲ့သည်။
လတ်တလောတွင် ဆက်သွယ်ရေးအခက်အခဲနှင့် လေကြောင်းရန် အန္တရာယ်များကြောင့် ဒဏ်ရာရရှိသူများနှင့် အထိအခိုက်အပျက်အစီးရှိမှု အခြေအနေများကို AB News မှ အတည်ပြုနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
ယမန်နေ့ နိုဝင်ဘာ ၇ ရက် နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုပ် စံပြကျေးရွာအား ဂျက်ဖိုင်တာဖြင့် ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၅ ဦး သေဆုံး ခဲ့ပြီး အမျိုးသမီး ၃ ဦး အပါအဝင် ဒဏ်ရာရရှိသူ ၇ ဦးရှိကြောင်းသိရသည်။
ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာ ကိုလည်း ယမန်နေ့ ၁၁ နာရီ ခွဲ အချိန် တွင် အသေခံ ဒရုန်းဖြင့် ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့သောကြောင့် သက်ကြီးပိုင်း အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။
အလားတူ နိုဝင်ဘာ ၇ ရက်နေ့ ၊ ညနေ ၈ နာရီခန့်တွင် မင်းပြားမြို့ ၊ မြို့သစ်ရပ်ကွက်ရှိ လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံကြဲချမှုကြောင့် သေဆုံးသူ ၅ ဦး အထိ ရှိခဲ့ပြီး ၁၀ ဦး မှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
စစ်ကော်စီသည် တစ်ရက်တည်းအတွင်း ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကိုလည်း စစ်တွေအခြေစိုက် စစ်ကော်မရှင်တပ် ခမရ ၃၄၄ မှ ၁၂၀မမ ဗုံးသီးဖြင့် လှမ်းပစ်ခတ်သောကြောင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦး ဒဏ်ရရှိသွားခဲ့သည်။