သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကော်မရှင် ဗုံးကြဲ

AB News – ဒီဇင်ဘာ၂၃ ၊ ၂၀၂၅

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းအချိန်တွင် ပေါင် ၃၀၀ ဗုံး ၆ လုံး ကြဲချခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

ဗုံးကြဲချခံရသည့် ကျေးရွာများမှာ ဆင်အင်းကြီးကျေးရွာ၊ ကွမ်းတောင်ကျေးရွာနှင့် ခမောင်းတောရွာတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာများမှ လူနေအိမ်တချို့ ပျက်စီးခဲ့ပြီး ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကိုကား အတည်ပြု၍ မရသေးပေ။

စစ်ကော်မရှင်သည် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို ညနေ ၅ နာရီ၊ မိနစ် ၄၀ ခန့်က ပေါင် ၃၀၀ ဗုံး ၂ လုံး၊ ၆ နာရီ မိနစ် ၂၀ ခန့်တွင် ကွမ်းတောင်ရွာကို ပေါင် ၃၀၀ ဗုံး ၂ လုံးနှင့် ည ၇ နာရီ မိနစ် ၂၀ ခန့်မှာ ခမောင်းတောရွာကို ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်။

ဤကဲ့သို့ စစ်ကော်မရှင်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွမ်းတောင်ရွာမှ ဦးခင်မောင်နု၏ နေအိမ်နှင့် ဦးမောင်ကျော်ဝင်း၏ နေအိမ်တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ