သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်မျးကို စစ်ကော်မရှင် ဗုံးကြဲ ၊ စစ်ဘေးရှောင် ၂ ဦးသေဆုံး

AB News – နိုဝင်ဘာ ၈၊၂၀၂၅
နွယ်စိုး

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်သံခြေကျေးရွာအား စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲခိုက်တိုက်ခဲ့ရာ စစ်ဘေးရှောင်အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့သွားကြောင်း ကနဦး စုံစမ်းသိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ် ၂နာရီကျော်က ကျောက်သံခြေကျေးရွာအား အကြမ်းဖက် စစ်ကောင်မရှင်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။

“ကျောက်သံခြေမှာ ၂ လုံး၊ ကြိမ်သာမှာ ၁ လုံးချခဲ့တာ။ ကြောက်ဖို့ကောင်းတယ်။ အသံအကျယ်ကြီးပဲ။ ဝပ်နေရတယ်။ စက်သေနတ်တွေနဲ့ပါ ပစ်သွားတာ။ ကျောက်သံခြေမှာတော့ စစ်ဘေးရှောင် နှစ်ယောက်သေဆုံးသွားတယ်လိုတော့ ကြားတယ်” ဟု ဒေသခံ ၁ ဦးကပြောသည်။

အကြမ်းဖက်စစ်ကော်မရှင်သည် ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာကိုလည်း လေကြောင်းဖြင့် ဗုံး ၂လုံးကြဲချခဲ့ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈နာရီကျော်ကလည်း စစ်ကော်မရှင်သည် ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ကို ပေါင် ၃၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ ၅ ဦး သေဆုံးသွားခဲ့ပြီး ၁၀ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

အလားတူ စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ် နှစ်နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးသွားခဲ့ပြီး ၁၀ ကျော်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ArakanBayNews #AirStrike @top fans United Nations

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ