သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နခခ-၅ မှ အာဆာအဖွဲ့များနှင့်အတူ ထွက်ပြေးသွားတဲ့ စကခ-၁၅ တပ်မမှူး ဗိုလ်ချုပ်သူရိန်ထွန်းကို ဖမ်းဆီးရထားကြောင်း AA အတည်ပြု

AB News-ဒီဇင်ဘာ ၁၀၊ ၂၀၂၄

မောင်တောမြို့ မြို့သူကြီးရပ်ကွက်၊ နယ်ခြားစောင့်တပ်ခွဲ နခခ-၅ ကျရှုံးချိန် အာဆာအကြမ်းဖက် အဖွဲ့များနှင့်အတူ ထွက်ပြေးသွားခဲ့သည့် ဘူးသီးတောင်မြို့အခြေစိုက် စကခ-၁၅ တပ်မမှူး ဗိုလ်ချုပ်သူရိန်ထွန်းကို ဖမ်းဆီးရထားပြီဖြစ်ကြောင်း အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်က Arakan Bay News သို့ အတည်ပြုပြောကြားလိုက်သည်။

“မောင်တောမြိုနားက နောက်ဆုံးလက်ကျန် နခခ-၅ စခန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၉ နာရီခွဲမှာ အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ အဲဒီ နခခ-၅ စခန်းကထွက်ပြေးသွားတဲ့ စကခ-၁၅ တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုလဲ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်။” ဟု ပြောသည်။

စကခ-၁၅ တပ်မမှူး ဗိုလ်ချုပ်သူရိန်ထွန်းမှာ အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုများအား လက်နက်တပ်ဆင်ပေးခဲ့သူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင်ဒုက္ခသည်စခန်းမှ ထောင်ချီသည့် မူဆလင်များအား စစ်သင်တန်းပေးကာ မူဆလင်မဟုတ်သူများအား အကြမ်းဖက်ရန် ခွင့်ပြုပေးခဲ့သူလည်း ဖြစ်သည်။

နခခ-၅ အား ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှာ အလုံးစုံသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်က ယင်းနေ့မှာပင် သတင်းထုတ်ပြန်ခဲ့သည်။

သတင်းအပြည့်အစုံကို ဆက်လက်တင်ပေးသွားမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ