သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒုက္ခသည်စခန်း မီးရှို့ခံရမှုတွင် စိတ်ဝေဒနာရှင် ဒေသခံ ၁ ဦးအား ARSA အဖွဲ့မှ ဖမ်းဆီးနှိပ်စက်၍ သတင်းအမှား ထွက်ဆိုခိုင်း

AB News – ဇန်နဝါရီ ၂၆၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းအမှတ် ၁၆ နှင့် ၂၆ တို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြီးအကျယ် မီးလောင်မှုများမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဖုံးကွယ်ရန်အတွက် အကြမ်းဖက် ARSA အဖွဲ့သည် အပြစ်မဲ့ စိတ်ဝေဒနာရှင် တိုင်းရင်းသား တစ်ဦးကို ဖမ်းဆီးနှိပ်စက်ကာ လုပ်ကြံသတင်းများ ထွက်ဆို ခိုင်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉
ရက်နေ့က ဘန်ဒရီဘင်ခရိုင်၊ နိုင်ခုံချောင်မြို့နယ်၊ ဗော်ရွိုင်တိုလီ ကျေးရွာတွင် နေထိုင်သည့် ဒိုင်းနက် (Taunchangya) တိုင်းရင်းသား ကိုစိန်ယောင်နာ ၃၁ နှစ် သည် တက္ကနာ့ဖ်မြို့နယ်ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းပွဲသို့ သွားရောက်စဉ် လမ်းမှားကာ ဥက္ခိယမြို့နယ်ရှိ ဂျမ်တိုလီ စခန်း – ၁၅ အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

ကိုစိန်ယောင်နာသည် စိတ်ကျန်းမာရေး ချို့ယွင်းနေသူ (စိတ်ဝေဒနာရှင်) တစ်ဦးဖြစ်သော်လည်း ၎င်းအား အကြမ်းဖက် ARSA အဖွဲ့ဝင်များက ဖမ်းဆီးကာ အပြင်းအထန် ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့၏ မီးရှို့မှုများကို အခြားအဖွဲ့အစည်းအပေါ် အပြစ်ပုံချရန်အတွက် Arakan Army က ငွေပေးခိုင်းစေ၍ မိမိကိုယ်တိုင် မီးရှို့ခဲ့ခြင်းဖြစ်သည် ဟု အတင်းအဓမ္မ ဝန်ခံပြောဆိုခိုင်းခဲ့သည်။

အ​ကြမ်းဖက် ARSA အဖွဲ့ ခိုင်းစေသည့်အတိုင်း မပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများ ပြောပြချက်အရ သိရသည်။

ယခုကဲ့သို့ စိတ်ဝေဒနာရှင်တစ်ဦးကို အသုံးချကာ နိုင်ငံရေးနှင့် စစ်ရေးအမြတ်ထုတ်ရန် ကြိုးပမ်းမှုအပေါ် ဒေသခံ ဒိုင်းနက်တိုင်းရင်းသားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြင်းထန်စွာ ဝေဖန်ရှုတ်ချနေကြသည်။

ကိုစိန်​ယောင်နာသည် ရိုးသားစွာ တောင်ယာလုပ်ကိုင်စားသောက်နေသည့် မိသားစုမှဖြစ်ပြီး၊ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့်မျှ ဆက်စပ်မှုမရှိကြောင်း မိသားစုဝင်များက အတည်ပြုသည်။

ယခုဖြစ်စဉ်သည် ဒုက္ခသည်စခန်းများအတွင်း ARSA အဖွဲ့၏ လူမဆန်သော လုပ်ရပ်များနှင့် သတင်းအမှားများဖြင့် လှည့်ဖြားရန် ကြိုးပမ်းမှုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒုက္ခသည်စခန်းမီးရှို့ခံရမှုအတွင်း နေအိမ် ၇၀၀ နီးပါး မီလောင် ပြာကျသွားခဲ့ကြောင်း သိရသည်။

ARSA အဖွဲ့၏ အကျပ်ကိုင် နှိပ်စက်မှုကြောင့် ကိုစိန်ယောင်နာသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသည်။

ယင်းအ​ပြင် ကော့ဘဇားခရိုင်၊ တက်ကနာ့ဖ် မြို့နယ်အတွင်းရှိ တောင်တန်းဒေသများတွင်လည်း အကြမ်းဖက် ARSA အဖွဲ့များသည် စစ်ဘက်သုံးဝတ်စုံများ ဝတ်ဆင်ကာ စစ်ကြောင်းထိုး သွားလာလှုပ်ရှား နေကြသဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့် နေကြကြောင်း သိရသည်။

၎င်းတို့၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အစိုးရထံ အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း ထိရောက်သည့် အရေးယူ ဆောင်ရွက်မှု မရှိခြင်းကြောင့် ဒေသခံများမှာ သတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရကြောင်း ဌာ​နေတိုင်းရင်းသား များက ဆိုသည်။

AB_News #ArakanArmy #Bangladesh #CoxsBazar #RefugeeCamp #HumanRights #ARSA #Terrorism #FakeNews #Justice #Humanitarian #EthnicMinority #Ukhia #Teknaf #HumanRightsViolation #InternalDisplacement #MuslimCampFire #PeaceAndSecurity

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ