သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က အငြင်းဖြစ်ပွားနေသည့် ဖူမာခူအာတောင်ကုန်းကို ထိုင်းစစ်တပ်သိမ်းပိုက်

AB News – ဇူလိုင် ၂၆၊ ၂၀၂၅
နွယ်စိုး

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က အငြင်းဖြစ်ပွားနေသော ကမ္ဘောဒီးယားစစ်တပ်အခြေစိုက် ဖူမာခူအာတောင်ကုန်းစခန်းကို ထိုင်းစစ်တပ်က သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ဖူမာခူအာ (Phu Makua) တောင်ကုန်းကို ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ညနေ ၆ နာရီ ၅၀ မိနစ်တွင် ထိုင်းစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့နံနက် ၄ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သိမ်းပိုက်ထားသော တောင်ကုန်းပေါ်တွင် ထိုင်းအလံလွှင့်ထူထားပြီး နိုင်ငံတော်သီချင်းဖွင့်ကာ ထိုင်းစစ်တပ်က အောင်ပွဲခံယူနေကြသည်။

ဖူမာခူအာတောင်သည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က အငြင်းပွားနေသော ပရိဝိဟာ ဟိန္ဒူ ဘုရားကျောင်း၏ အနောက်ဘက်တွင် တည်ရှိသည်။

အငြင်းဖြစ်ပွားနေသော နယ်စပ်တွင် ကမ္ဘောဒီးယားဘက်ကလည်း စစ်တပ်ချထားပြီး ပြန်လည်ပစ်ခတ်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ