သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆင်းရဲနွမ်းပါးသည့် ပြည်သူများကို ကူညီစောင့်ရှောက်ရန် AHD မှ ရံပုံငွေ ပြုလုပ်

AB News – ဒီဇင်ဘာ ၁၊ ၂၀၂၅
အောင်စိုး

ရက္ခိုင်ပြည်အတွင်း ဆင်းရဲနွမ်းပါးသည့် ဒေသခံပြည်သူများ နှင့် ဆေးဖက်ဆိုင်ရာဝန်ထမ်းများ၏ လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ စုပေါင်းရံပုံငွေတစ်ခုကို ပြုလုပ်ထားကြောင်း သိရသည်။

စုပေါင်းရံပုံငွေပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးပြီး ငွေကြေးအဆင်မပြေသည့် ဒေသခံပြည်သူများကို ဆေးကုသမှုစရိတ်အပါအဝင် ဆေးဖက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၏ အရေးပေါ် လိုအပ်ချက်များကို ကူညီထောက်ပံ့ရန် ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ စုပေါင်းရံပုံငွေကို ဆေးဖက်ဆိုင်ရာဝန်းထမ်းများ၏ တစ်ဦးချင်းစေတနာ၊ သဒ္ဓါတရားအပေါ် မူတည်ကာ ထည့်ဝင်လာသည့် ငွေပမာဏများဖြင့် စတင်ဖွဲ့စည်းလိုက်ကြောင်း AHD က ယနေ့တွင် ထုတ်ပြန်သည်။

ထို့အပြင် ရက္ခိုင်ဒေသခံ ပြည်တွင်းပြည်ပ ဆေးဖက်ဆိုင်ရာဝန်ထမ်းများအပါအဝင် ပြည်သူများအနေဖြင့်လည်း စုပေါင်းရံပုံ‌ငွေ တစ်ရပ်တွင် ပါဝင်လှူဒါန်းနိုင်ကြောင်း AHD မှ ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရက္ခိုင်တွင် အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တို့ကြား တကျော့ပြန်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ အများအပြားရှိနေပြီး လက်ရှိတွင် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း သိရသည်။

ယင်းအပြင် စစ်ကော်မရှင်တပ်မှ အရပ်သားပြည်သူများရှိရာ နေရာများကို လက်နက်ကြီး၊ ‌လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၂၈ (ရက်ပေါင်း ၃၀) အတွင်း အရပ်သား ၁၁၅ ဦးထိခိုက်သေခဲ့ကြောင်း Arakan Responders For Emergency (ARE) မှ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ