သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်အုပ်စု၏ သတင်းလိမ် ဝါဒဖြန့်အကောင့်များကို Twitch၊ Facebook၊ You Tube နှင့် Mediafire တို့က ဖယ်ရှား‎


‎AB News ဒီဇင်ဘာ ၁၉ ၊ ၂၀၂၅
‎ဖြိုးသီရိနိုင်

‎Facebook၊ Twitch၊ You Tube နှင့် Mediafire တို့သည် စစ်တပ် မှ ဝါဒဖြန့်ချီရေးအတွက် အသုံးပြုနေသော အကောင့်များကို အင်တာနက် ပလက်ဖောင်းမှ ဖယ်ရှားလိုက်ကြောင်း Justice For Myanmar  ယမန်နေ့ ဒီဇင်ဘာ ၁၈ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

‎Justice For Myanmar မှ နည်းပညာကုမ္ပဏီ များထံ စာရေးသားပေးပို့၍ အဆိုပါ ဝါဒဖြန့် အကောင့်များအား ပိတ်ရန်အတွက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆက်လက်ပံ့ပိုးမှုပေးအပ်ခြင်းအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုများအနေဖြင့် စစ်အုပ်စုထိန်းချုပ် ဝါဒဖြန့် အကောင့်များကို ဖြုတ်ချလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

‎စစ်ကော်မရှင်၏ တိုက်ရိုက်ထုတ်လွှင့်နေသောမြန်မာအသံ၊ ရုပ်မြင်သံကြား(MRTV) နှင့် မြန်မာ့ရေဒီယ်ိုလိုင်း ၁၄ခု အပြင် MlTV ဝဘ်ဆိုဒ်တွင်တွဲထားသည့် MlTV တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုများကို Amazon ပိုင်ဗွီဒီယိုပလက်ဖောင်း Twitch က ဖယ်ရှားခဲ့သည်။

‎ထို့နောက်စစ်ကောင်စီသည် အကောင့်သစ်များဖန်တီးပြီး တိုက်ရိုက်ရုပ်သံလွှင့်မှုကိုကို  ဆက်လက်လုပ်ဆောင်ခြင်းအပေါ် Justice For Myanmar ၏တောင်းဆိုမှုဖြင့် ဆက်လက် ပိတ်သိမ်းခဲ့ကြောင်း  JFM မှ ဆိုထားသည်။

‎၎င်းအပြင် Twitch ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သော စစ်တပ် ထိန်းချုပ် ထားသည့် MITV ဝဘ်ဆိုဒ်တွင် တွဲတင် ထားသည့် MITV တိုက်ရိုက် ရုပ်သံထုတ်လွှင့်မှုမျယးက်ို ဖယ်ရှားခဲ့ကြောင်း Justice For Myanmar မှ အသ်ိပေးထားသည်။

‎Media Fire ဝဘ်ဆိုဒ် တွင်လည်း ရတနာပုံသတင်းစာ၏ အကောင့်များကို ဖျက်သိမ်းခဲ့ပြီး လက်ရှိတွင် စစ်ကောင်၏ ဆိုရှယ်မီဒီယာ အကောင့်နှင့် စာမျက်နှာ ပေါင်း  ၄၀၄ခု ဖယ်ရှားခံလိုက်ရကြောင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‎သို့သော် Alphabet Google၊ Apple၊ Tik Tok၊ Telegram၊ Cloudflare နှင့်  ApkPure တို့ကို စာရေးသားပေးပို့ခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်း JFM ကဆိုထားသည်။

‎စစ်ကောင်စီ၏ ဝါဒဖြန့်အကောင့်များ ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်သူလူထု၊ နိုင်ငံတကာ ပြည်သူလူထုနှင့် နိုင်ငံတကာပြည်သူများထံ ဝါဒဖြန့်ဝေသည့် စစ်ကောင်စီ၏ စွမ်းရည်ကို ဟန့်တားရန်အတွက် အရေးပါကြောင်း JFMမှ ဆိုထားသည်။

‎Justice For Myanmar က တိုင်ကြားခဲ့သည့် စစ်ကောင်စီ အကောင့်များအား အမေရိကန် ပြည်ထောင်စု၊ ယူကေ ၊အီးယူ၊ ကနေဒါနှင့်  သြစတြေးလျအပါအဝင် နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက ထိန်းချုပ်ထားကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‎မြန်မာစစ်အုပ်စုသည် ဒီဇင်ဘာလနှင့် ဇန်နဝါရီတွင် ကျင်းပရန် စီစဥ်ထားသည့် အတုယောင်ရွေးကောက်ပွဲမတိုင်မီ ဝါဒမှိုင်းများ နှင့် သတင်းမှားများဖြန့်ချီရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လျှက်ရှိကြောင်း JFM မှ ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်