Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် အပြစ်မဲ့ အရပ်သားပြည်သူ ၄၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ALP ပူးပေါင်းအဖွဲ့က အစုလိုက် အပြုံလိုက် သတ်ဖြတ် အလောင်းဖျောက်မှုကျူးလွန်

AB News-မေ ၃၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှ အပြစ်မဲ့ အရပ်သားပြည်သူ ၄၀ ကျော်တို့ကို အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ALP ပူးပေါင်းအဖွဲ့က အစုံလိုက်အပြုံလိုက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်မှုကျူးလွန်သည်ဟု ခိုင်လုံသတင်းရင်းမြစ်များအရ သိရသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် ALP ပူးပေါင်းအဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

 (၁) ဦးကျော်ဆန်းဦး

(၂)  ဦးကျော်သိန်း 

(၃) ဦးကုလားအောင် (အသက် ၄၅ နှစ်)

(၄) ဦးဖိုးသန်းစိန် 

(၅) ဦးချဘုကောင်  

(၆) ဦးဘောက်သာ (သား)  

(၇) ဦးကိုကိုမောင် (အသက် ၃၀ နှစ်)

(၈) ဦးခင်မောင်အေး (အသက် ၃၆ နှစ် )

(၉) ဦးမောင်သန်း (အသက် ၂၉ နှစ် )

(၁၀) ဦးကျော်နိုင် (အသက် ၄၂  နှစ်)

(၁၁) ဦးမောင်ချီး (အသက် ၂၂ နှစ်)

(၁၂) ဦးရဲကျော် (အသက် ၂၁ နှစ်)

(၁၄) ဦးအောင်နိုင်ဌေး (အသက် ၃၁ နှစ်)

(၁၅) ဦးဇော်မင်းထွန်း (အသက် ၄၀ နှစ်)

(၁၆) ဦးမောင်လှဦး (အသက် ၄၀ နှစ်)

(၁၇) ဦးသားချေ (အသက် ၃၀ နှစ်)

(၁၈) ဦးမြင့်ချေ (အသက် ၃၆ နှစ်)

(၁၉) ဦးမောင်ဆန်း (အသက် ၂၆ နှစ်)

(၂၀) ဦးမောင်လှယေ (အသက် ၃၂ နှစ်)

(၂၁) ဦးမောင်ထွီး (အသက်   ၂၂ နှစ်)

(၂၂) ဦးမောင်လုံးချေ  (အသက် ၄၀ နှစ်)

(၂၃) ဦးဦးကျော်နိုင် (အသက် ၄၀ နှစ်)

(၂၄) ဦးမောင်သိန်းထွန်း (အသက်   ၅၀ နှစ်)

(၂၅) ဦးမောင်စံသား (အသက် ၆၀ နှစ်)

(၂၆) ဦးကျန်သာထွန်း (အသက် ၇၀ နှစ်)

(၂၇) မောင်ဘုမောင် (အသက် ၁၈ နှစ်)

(၂၈) ဦးသန်းဌေးမောင် (အသက် ၄၁ နှစ်)

(၂၉) ဦးဖားချေ (အသက် ၅၀ နှစ်)

(၃၀) ဦးကိုကိုအောင် (အသက် ၃၆ နှစ် )

(၃၁) ဦးအောင်သူချေ (အသက် ၂၉ နှစ် )

(၃၂) မောင်ဖြိုးဖြိုးနိုင်  (ဘ)ဦးမောင်သိန်းထွန်း  (အသက် ၁၅ နှစ် )

(၃၃) ဦးဇော်ထွန်းနိုင် (အသက် ၃၅ နှစ် )

နှင့် တစ်ခြား အမည်စုံစမ်းဆဲ ၁၀ ဦးထက်မနည်းတို့ ဖြစ်ကြသည်။

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ALP အဖွဲ့တို့သည်  ယနေ့ မေလ ၃၁ ရက်နေ့ နေ့ခင်း ၁၁ နာရီကျော်ခန့်တွင် ပစ်ခတ် သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၄၀ ကျော်တို့အား မီးရှို့ အလောင်းဖျောက်လိုက်ကြောင်း ခိုင်လုံသတင်းရင်းမြစ်များက  AB News ကိုပြောသည်။

ထို့အပြင် မေလ ၃၀ ရက်နေ့ ညနေက ဖမ်းဆီးထားသည့် အမျိုးသမီးများထဲမှ အမျိုးသမီး ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ၏ စစ်တေဘာကားဖြင့် ခေါ်ယူသွားကာ အဓမ္မပြုကျင့်ခဲ့ကြပြီး ၂ ဦး သတ်ဖြတ်လိုက်ကြကြောင်း သိရသည်။

ဖြစ်စဥ်မှာ မေလ ၂၉ ရက်နေ့ နေ့ခင်း ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ကား ၅ စီးနှင့် ALP တပ်ဖွဲ့ဝင်ကား ၂ စီးတို့ဖြင့် စုစုပေါင်း အင်အား ၁၀၀ ခန့်သည် ဗျိုင်းဖြူရွာထဲသို့ ဝင်လာပြီး ညနေ ၃ နာရီဝန်းကျင်တွင် ဗျိုင်းဖြူရွာထဲရှိ အသက် ၁၅ နှစ်အထက် အမျိုးသား ၂၀၀ ကျော်တို့ကို ဖမ်းဆီးချုပ်နှောင်ပြီး  ဗျိုင်းဖြူရွာ၏ အရှေ့ဖက်ရှိ ရေကန်ကြီးအနီးတွင် သေနတ်ဒင်တို့ဖြင့် ရက်ရက်စက်စက် ထုထောင်းရိုက်နှက်ပြီး လက်များကို နောက်ပြန်ကြိုးတုတ်လျက် ဆောင့်ကြောင့် ထိုင်ခိုင်းထားခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးခံထားရသည့် အမျိုးသားများ၏ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် မိဘများ ဦးရေ ၂၀၀ ကျော်တို့အားလည်း ရွာအပြင် သင်္ချိုင်းတွင် အစာရေစာ လုံးဝမကျွေးဘဲ နေလှမ်းထားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသား ၂၀၀ ကျော်ထဲမှာ ၄၀ ကျော်တို့အား မေလ ၃၀ ရက်နေ့ ညသန်ခေါင် ၁၂ နာရီခန့်မှ မေလ ၃၁ ရက်နေ့ နံနက်အရုဏ် ၄ နာရီခန့်ထိ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြပြီး ကျန်သူများအား စစ်တွေမြို့တွင်းရှိ ခလရ (၂၀ )တပ်ရင်းသို့ စစ်ကားများဖြင့် တင်ယူသွားကြောင်း သိရသည်။

ယနေ့ မေလ ၃၁ ရက်နေ့ နေ့ခင်း ၁၁ နာရီကျော်ခန့်တွင် ဗျိုင်းဖြူရွာမှ ကလေးများနှင့် အမျိုးသမီးများကို စစ်ကောင်စီ၏ တပ်သုံး တေဘာကား ၁၀ စီးခန့်ဖြင့် စစ်တွေမြို့ ဘုရားကြီးကွင်းသို့ သယ်ယူကာ နေရာ ရွှေ့ထားခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ