AB News – နိုဝင်ဘာ ၂၉ ၊ ၂၀၂၅
ဂျူလိုင်
အာရက္ခတပ်တော်ထိန်းချုပ်ထားသော ဒေသများကို စစ်ကော်မရှင် လေကြောင်း နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၁၁၅ ဦး အထိ ထိခိုက်မှုရှိလာကြောင်း ARE ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါစာရင်းမှာ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၂၈ ရက်နေ့ အထိ ရက္ခိုပြည်တွင် စစ်ကော်မရှင်၏ အကြမ်းဖက်မှုကြောင့် ထိခိုက်၊ ဆုံးရှုံးခဲ့သူများစာရင်းသာ ဖြစ်ကြောင်းဆိုထားသည်။
စစ်ကော်မရှင်၏ အကြမ်းဖက်လုပ်ရပ်ကြောင့် ရက္ခိုင်ပြည် မြို့နယ် ၇ မြို့နယ်မှ အရပ်သား သေဆုံးသူ ၃၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦး စုစုပေါင်း
၁၁၅ ဦး အထိရှိလာကြောင်း ၎င်းစာရင်းတွင်ပါရှိသည်။
အဆိုပါ ARE အဖွဲ့သည့် စစ်ကော်မရှင်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ခံစားခဲ့ရသူများအပေါ် ဆေးဝါးကုသစရိတ် ၊ ငွေကြေးနှင့် ရိက္ခာအထောက်အပံ့များကို ပေးအပ်ခြင်း/ရှာဖွေခြင်းများ ပြုလုပ်ပေးနေသော အဖွဲ့ဖြစ်သည်။
ယခုအခြေနေတွင် အဆိုပါ ARE အနေဖြင့် ထိခိုက်နစ်နာသူ လူတစ်ရာကျော်အတွက် အရေးပေါ်ဆေးကုသမှု ၊ နေအိမ်ပြန်လည်ထူထောင်ရေးနှင့်အခြေခံစားဝတ်နေရေးတို့ကို အပူတပြင်းလိုအပ်လျှက်ရှိရာ ၎င်းတို့အဖွဲ့အနေနဲ့ အခက်အခဲဖြင့်ရင်ဆိုင်နေရကြောင်းသိရသည်။
ထို့ကြောင့် အထက်ပါ ထိခိုက်နစ်နာသူများအတွက် အသက်ဆက်ရှင်ရေးနှင့် နာလန်ပြန်ထူနိုင်ရေးကို ကူညီလုပ်ဆောင်ပေးနိုင်ရန် ၎င်း ARF အဖွဲ့အနေဖြင့် အလှူငွေအထောက်အပံ့များ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။










