သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင်တိုက်ခိုက်မှုကြောင့် ကျောက်ကြီးတွင် ဒေသခံ ၃၀ ခန့် သေဆုံး



‎AB News – မတ် ၉၊ ၂၀၂၆

‎ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃၀ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့တွင် ထုတ်ပြန်သည်။

‎ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့တွင် စကမ မှ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူ ၁၆၀ ဦးခန့်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး မတ်လ ၇ ရက်နေ့တွင် KNU နှင့် တိုက်ပွဲဖြစ်ပွားချိန်တွင် ထိုကျေးရွာအုပ်စုအတွင်း ဒရုန်းအပြင် ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ဖမ်းဆီးခံထားရသူများထဲမှ ဒေသခံ ၂၅ ဦးထိခိုက်သေဆုံးခဲ့သကဲ့သို့ ၅ ဦးကို ၎င်းတို့သတ်ဖြတ်ခဲ့ကြောင်း KNU က ပြောသည်။

‎ကျောက်ကြီးကျေးရွာအုပ်စုအတွင်း ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် စကမ တပ်ရင်းများမှာ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းတို့ ဖြစ်ကြောင်း ဆိုသည်။

‎ထိုထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ အသေးစိပ်အချက်အလက်များကို KNU မှစုံစမ်းစစ်ဆေးနေပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဟု ဆိုသည်။

‎စကမသည် နိုင်ငံအနှံ့တွင် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများရှိရာနေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

‎ယင်းအပြင် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ရွေးကောက်ပွဲနောက်ပိုင်းကာလများတွင်လည်း နိုင်ငံအနှံ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများ လုပ်ဆောင်နေကြောင်း KUN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‎#ပဲခူးတိုင်း #ကျောက်ကြီး #စစ်ကော်မရှင် #ဖမ်းဆီးမှု #တိုက်ခိုက်မှု #ပြည်သူ # သေဆုံးမှု

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ