သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းမြို့နယ် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ စစ်ဘေးရှောင် ၂၈ ဦး သေဆုံး


AB News – ဇူလိုင် ၁၁၊ ၂၀၂၅
ဒေဝီ

စစ်ကိုင်းမြို့နယ်၊ လင်တလူးကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူ ၂၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြား ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် ၁၂ နာရီမှ ၁ နာရီအကြားတွင် စစ်ကောင်စီက လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ စစ်ဘေးရှောင်အများစုမှာ ကျော်ဇေယျကျေးရွာမှ လာရောက်ခိုလှုံသူများ ဖြစ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဘုန်းကြီးကျောင်း၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော်လည်း ထပ်မံဗုံးကြဲခံရမည့်ကို စစ်ဘေးရှောင်များ စိုးရိမ်နေကြရသည်။

ထို့အပြင် ဒဏ်ရာရရှိသူများအတွက် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ဆရာဝန်၊ သူနာပြုများ အရေးတကြီး လိုအပ်နေကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ