သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊ ကော်လင်းမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲ၊ ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရ



‎AB News- ဇူလိုင် ၁၅၊ ၂၀၂၅
‎ဒေဝီ

‎စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ ဒိုးပင်ရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ဆီဘောင်ဆာကား ၂ စီး မီးလောင် ပျက်စီးသွားကြောင်း သိရသည်။

‎ယမန်နေ့ ဇူလိုင် ၁၄ ရက်၊ ညနေ ၄ နာရီခွဲကျော်က ကောလင်းမြို့နယ်၊ အရှေ့ခြမ်းရှိ ဒိုးပင်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ဦးနှင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆီဘောင်ဆာကား ၂ စီးနှင့် ဆိုင်တချို့လည်း ပျက်စီးသွားခဲ့သည်။

‎ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ကလည်း ကောလင်းမြို့နယ်၊ ဖလဲရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးဒဏ်ရာရရှိခဲ့သည်။

‎ယင်းအပြင် ပြီးခဲ့သည့် ဧပြီ ၉ ရက်ကလည်း ကောလင်းခရိုင် ဝန်းသိုမြို့နယ် နန့်ခမ်းကျေးရွာ ဆေးရုံအနီးကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၂၀ ကျော်သေဆုံးပြီး ၅၀ ဝန်းကျင်ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ