သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ခေတ်အဆက်ဆက် ကန့်သတ်ခံထားရသည့် ရက္ခိုင်က မူဆလင်လုပ်ငန်းရှင်များ လိုင်စင်လေလံပွဲ၌ တန်းတူယှဥ်ပြိုင်ခွင့် ရရှိနေ

AB News – ဇန်နဝါရီ ၂၊ ၂၀၂၆
ချန်ဒြာ

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ထိန်းချုပ်ရာ နယ်မြေများ၌ ကျင်းပသည့် လုပ်ငန်းလိုင်စင်လေလံပွဲများတွင် ခေတ်အဆက်ဆက် ဖယ်ကြည်ခံထားကြရသည့် မူဆလင်လုပ်ငန်းရှင်များမှာ ယခုအခါ အခြားလူမျိုးများနှင့်တန်းတူ ပွင့်လင်းမြင်သာစွာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိနေကြပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ မြောက်ဦးခရိုင်အတွင်း ကျင်းပခဲ့သည့် ၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် လေလံပွဲများတွင် မူဆလင်လုပ်ငန်းရှင် အများအပြား တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။

“ဒီမြင်ကွင်းဟာ အရင်ခေတ်တွေမှာတော့ လုံးဝမဖြစ်နိုင်ခဲ့တဲ့ အရာပါ။ အရင်က ကျွန်တော်တို့ကို စီးပွားရေးလုပ်ပိုင်ခွင့်တွေမှာ ဘေးဖယ်ထားခဲ့ကြပေမဲ့ အခု ULA အစိုးရလက်ထက်မှာတော့ ဈေးပြိုင်စနစ်နဲ့ ဘယ်သူမဆို ဝင်ပြိုင်လို့ရတဲ့ အခွင့်အရေးမျိုး ပေးလာတယ်” ဟု လေလံပွဲတက်ရောက်ခဲ့သည့် မွတ်ဆလင်လုပ်ငန်းရှင်တစ်ဦးက AB News သို့ ပြောသည်။

ULA အစိုးရသည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်း လူမှုသဟဇာတဖြစ်ရေးမူဝါဒကို လက်တွေ့ဖော်ဆောင်နေပြီး ၂၀၂၄ ခုနှစ်မှ စတင်ကာ မူဆလင်များအား လေလံပွဲများတွင် ပါဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းရှိ မူဆလင်လူ့အဖွဲ့အစည်းများသည် စီးပွားရေးလုပ်ကိုင်ခွင့်အပြင် ယခင်က ကန့်သတ်ခံခဲ့ရသည့် ခရီးသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်များကိုလည်း အခြားသော ပြည်သူများနှင့်နည်းတူ တန်းတူညီမျှ ခံစားခွင့်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ