သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမှ တရုတ်စီမံကိန်းများ၏ အနာဂတ် AA လက်ထဲကျရောက်နေကြောင်း AOW အဖွဲ့ ပြော

AB News – ဧပြီ ၂၃ ၊၂၀၂၅

ရက္ခိင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင်ရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ အနာဂတ်သည် အာရက္ခတပ်တော်(AA)၏ လက်ထဲကို ကျရောက်နေကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ရက္ခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ Arakan oil Watch အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာရက္ခတပ်တော် (AA) သည် ကျောက်ဖြူမြို့နယ်ကို ၂၀၂၄ အစောပိုင်းတွင် ဝင်ရောက်လာပြီးနောက် ကျေးရွာအုပ်စုပေါင်း ၅၄ ခုအနက် ၅၀ ကို ထိန်းချုပ်ထားပြီး မြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ရန် စစ်ရေးအင်အား အပြည့်ရှိနေသည်ဟုလည်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

အာရက္ခတပ်တော်အနေဖြင့်  ၂၀၂၄ အောက်တိုဘာလအထိ စစ်ကောင်စီတပ်အခြေစိုက်စခန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဧရိယာများကို ဝင်ရောက်တိုက်ခိုက်ခြင်းမရှိခဲ့သော်လည်း ၂၀၂၅ ဖေဖော်ဝါရီလတွင် ဓညဝတီရေတပ်စခန်းအနီးက စစ်ကောင်စီ တပ်လုံခြုံရေးကင်းလှည့်သောအဖွဲ့ကို AA က စတင်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုထားသည်။

စစ်ကောင်စီတပ်ဘက်မှလည်း ဒရုန်းတိုက်ခိုက်မှုများနှင့် ပြန်လည်ထိုးစစ်ဆင်ပြီးနောက် အနီးအနားကျေးရွာ ၃ရွာမှ နေအိမ် ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုထားသည်။

ကျောက်ဖြူမြို့နယ်က ရင်းနှီးမြှုပ်နှံမှုစီမံကိန်းနေရာအားလုံးကို အာရက္ခတပ်တော် (AA) က ဝိုင်းရံပိတ်ဆို့ထားသည့်အတွက် တရုတ်စီမံကိန်းများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေဖြင့် AA နှင့်ဆွေးနွေးခြင်း၊ ပူးပေါင်းခြင်းများမရှိလျင် စီမံကိန်းများအား အဆင်ပြေချောမွေ့ အောင် လည်ပတ်ရန် မဖြစ်နိုင်ဟုလည်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ