သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ် စနဲမြို့ မြို့မဈေးကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ မီးရှို့

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် စနဲမြို့မဈေးကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲချ မီးရှို့မှုကြောင့် စနဲမြို့မစျေး မီးလောင်ပြာကျသွားကြောင်း သတင်းရရှိသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ မေလ ၈ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ဒရုန်းဖြင့် မြို့မစျေးထဲသို့ ဗုံး ၂ လုံး ကြဲချခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“၇ နာရီကျော်လောက်မှာပါ။ စစ်ကောင်စီက ဒရုန်းနဲ့ စျေးထဲကို ဗုံးကြဲတယ်။ စျေးဆိုင်အချို့မီးလောင်ပြာကျသွားပြီ” ဟုဆိုသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စနဲမြို့မစျေးတွင်းရှိ ဆိုင်ခန်းများစွာပျက်စီးခဲ့ရသော်လည်း မည်မျှပျက်စီးမှုရှိသည်ကို အတိအကျမသိရှိရသေးပေ။

ထို့အပြင် ဗုံးစထိမှန်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုနှင့် ဒဏ်ရာရရှိသွားသည့်ပြည်သူများလည်းရှိနေကြောင်း သိရသည်။

အဆိုပါစျေးဗုံ​ကြဲခံရမှုနှင့်ပတ်သတ်၍ AB News ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် ပေါက်တောမြို့မစျေး၊ မင်းပြားမြို့မစျေး၊ စနဲမြို့မစျေး၊ ရမ်းဗြဲမြို့မစျေး၊ ပုဏ္ဏားကျွန်းမြို့မစျေးများကို မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ