Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့တွင် မြို့ခံအရပ်သား ၂ဦးကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ဖမ်းဆီး

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် မြို့ခံအရပ်သားပြည်သူ ၂ဦးကို ဧပြီလ ၂၂ရက်၊ ညနေ ၅ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်သားများက အဓမ္မ ဖမ်းဆီးသွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်မှ ဦးညီစေ့ကေ ၃၉နှစ်နှင့် ဦးမောင်ပိန် ၆၅နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ဧပြီ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် ခလရ ၃၄ တပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်မှ အမျိုးသား ၂ဦးအား ဖမ်းဆီးခဲ့သည်ဟု မြို့ခံ ၁ဦးက ပြောသည်။

“ကျမတို့ ကညင်တောရပ်ကွက်က အမျိုးသား ၂ဦးကို စစ်သားတွေက ဖမ်းဆီးခဲ့တာ ရှိပါတယ်။ လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီတပ်သား ၆ဦးဟာ စစ်ကား တစ်စီးနဲ့ ရပ်ကွက်ထဲကို ဝင်ပြီး သူတို့ကို ဖမ်းဆီးသွားပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် ဦးညီစေ့ကေ၊ ဦးမောင်ပိန် တို့နှင့် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များမှာ လွန်စွာ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ရွာမှ LGBT (လိင်ခံယူမှုစိတ်ကွဲပြားသူ) မောင်နှမ ၂ဦးကို အာရက္ခတပ်တော်(AA) အား ရိက္ခာပို့သည်ဟု စွပ်စွဲချက်ဖြင့် ဧပြီလ ၁၉ ရက်နေ့ကလည်း  စစ်ကောင်စီအဖွဲ့က မတရား ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။